• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လျူယွင်စန်းသည်၊ ကမ္ဘောဒီးယားနိုင်ငံတွင် တရားဝင်ခရီးလှည့်လည်

(GMT+08:00) 2017-09-22 13:43:00

      ကမ္ဘောဒီးယားနိုင်ငံ ပြည်သူ့ပါတီ၏ ဖိတ်ကြားချက်အရ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းအဖွဲ့ဝင်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အတွင်းရေးမှူးရုံးမှ အတွင်းရေးမှူး လျူယွင်စန်းသည်၊ စက်တင်ဘာ ၁၉ ရက်မှ ၂၁ ရက်နေ့အထိ၊ ကမ္ဘောဒီးယား နိုင်ငံတွင် တရားဝင် ခရီးလှည့်လည်ခဲ့ပြီး၊ ဖနွမ်းပင် မြို့တော်၌ ကမ္ဘောဒီးယားပြည်သူ့ပါတီ ဥက္ကဋ္ဌ၊ အစိုးရဝန်ကြီးချုပ် ဟုန်ဆန်နှင့် နိုင်ငံတော် ယာယီခေါင်းဆောင်၊ ပြည်သူ့ပါတီ ဒု ဥက္ကဋ္ဌ၊ အထက်လွှတ်တော်ဥက္ကဋ္ဌ ဆယ်ချွန်တို့နှင့် အသီးသီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။

ဟုန်ဆန်နှင့် တွေ့ဆုံရာ၌၊ လျူယွင်စန်းက တရုတ်၊ ကမ္ဘောဒီးယားနှစ်နိုင်ငံတို့သည်   မိသားစုမာ ခင်မင်ရင်းနှီးပြီး၊ နှစ်နိုင်ငံပြည်သူများသည်လည်း၊  သွေးရင်းသားရင်းကဲ့သို့  ရင်းနှီးကြကြောင်း၊ နှစ်နိုင်ငံအကြားသံတမန်ဆက်ဆံမှုထားရှိခဲ့သည့် ၅၉ နှစ်အတွင်း၊ နယ်ပယ်အသီးသီးမှ မိတ်ဆွေဖြစ် ပူးပေါင်းဆောင်ရွက်မှုများတွင် အောင်မြင်မှုများစွာ ရရှိခဲ့ကြောင်း၊ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ ညီအစ်ကိုကောင်းနှင့် မိတ်ဖက် ကောင်းများဖြစ်ကြောင်း ပြောကြားခဲ့သည်။

တွေ့ဆုံပွဲအပြီးတွင်၊ လျူယွင်စန်းနှင့် ဟုန်ဆန်တို့သည်၊ ၂ ဘက်ပူးပေါင်း ဆောင်ရွက် ရေး စာချုပ်များ၏ လက်မှတ်ရေးထိုးချုပ်ဆိုပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်ဟု သတင်းအရ သိရသည်။

   Webradio