• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် စင်ကာပူ ဝန်ကြီးချုပ်နှင့် တွေ့ဆုံ

(GMT+08:00) 2017-09-21 09:31:33

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၂၁ ရက်နေ့ ညနေပိုင်းက ပီကင်းမြို့၌ အလည်အပတ် ရောက်ရှိနေသော စင်ကာပူ ဝန်ကြီးချုပ် လီရှိန်လုံးနှင့် တွေ့ဆုံခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က၊ တရုတ်-စင်ကာပူ နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု တိုးမြှင့်ခြင်းနှင့် နှစ်နိုင်ငံ ဆက်ဆံမှုကို အဆက်မပြတ် တွန်းအားပေးခြင်းသည် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ ပြည်သူများ၏ အရင်းခံ အကျိုးစီးပွါးနှင့် ကိုက်ညီသည့်အပြင် ဒေသတွင်းနှင့် ကမ္ဘာ့ ငြိမ်းချမ်းတည်ငြိမ်ရေး၊ စည်ပင်သာယာရေးအတွက်လည်း အကျိုး ရှိမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဝန်ကြီးချုပ် လီရှိန်လုံးက၊ စင်ကာပူနိုင်ငံသည် တရုတ်ပြည် တစ်ပြည်တည်းသာ ရှိရေး မူကို စွဲကိုင်ပြီး ထိုင်ဝမ် သီးခြားတည်ရှိရေးကို ကန့်ကွက်ကြောင်း၊ အခြေခံ အဆောက်အအုံ၊ အပြန်အလှန် ဆက်သွယ်ရေး၊ လူ့စွမ်းအား အရင်းအမြစ် စသည့်နယ်ပယ်များတွင် တရုတ်ပြည်နှင့် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်လိုပါကြောင်း ပြောကြားခဲ့ပါသည်။

   Webradio