• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မက္ကဆီ ငလျင် လူ ၁၂၀ ကျော် သေဆုံး

(GMT+08:00) 2017-09-20 10:07:14

ယခုလ ၁၉ ရက်နေ့ ညနေပိုင်းက မက္ကဆီကို နိုင်ငံ အလယ်ပိုင်း မော်ရေလော်စ် ပြည်နယ်တွင် ရစ်ခ်ျတာစကေး ၇့ ၁ အဆင့် အင်အားပြင်း ငလျင်လှုပ်ခဲ့ရာ လက်ရှိ အချိန်အထိ လူ ၁၂၀ ဦးထက်မနည်း သေဆုံးခဲ့ပြီ ဖြစ်ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

မက္ကဆီကို နိုင်ငံတော် ငလျင်ရေးရာ ဦးစီးဌာနမှ ထုတ်ပြန်သော သတင်းအရ၊ ငလျင်၏ ဗဟိုချက်မနေရာသည် မြေအောက် ၅၇ ကီလိုမီတာ၌ ရှိကြောင်း၊ ကယ်ဆယ်ရေး လုပ်ငန်းကို လုပ်ဆောင်နေဆဲ ဖြစ်ကာ သေဆုံးသူဦးရေ ဆက်လက် တိုးနိုင်မည် ဖြစ်ကြောင်း သိရပါသည်။

   Webradio