• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လျူယွင်စန်းက ဗီယက်နမ်သို့ တရားဝင် ခရီးလှည့်လည်

(GMT+08:00) 2017-09-20 09:47:27

ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ဖိတ်ကြားချက်အရ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်းအဖွဲ့ဝင်၊ ဗဟိုအတွင်းရေးမှူးရုံးမှ အတွင်းရေးမှူး လျူယွင်စန်းသည် စက်တင်ဘာလ ၁၈ရက်နေ့မှ ၁၉ရက်နေ့အထိ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးလှည့်လည် ခဲ့ရာတွင်၊ ဟနွိုင်းမြို့တော်၌ ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေအတွင်းရေးမှူး ငုယဉ်ဖူထရောင်၊ ဝန်ကြီးချုပ် ငုယဉ်ရွှမ်ဖူ၊ လွှတ်တော် ဥက္ကဌ ငုယဉ်သီကင်ကန် နှင့် အသီးသီး တွေ့ဆုံနှုတ်ဆက်ခဲ့၍ ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင် ထရန်ခေါ်ဗန်နှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။

   Webradio