• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၇၂ ကြိမ်မြောက် ကုလသမဂ္ဂညီလာခံ အချေအတင် ဆွေးနွေးပွဲ ကျင်းပ

(GMT+08:00) 2017-09-19 10:18:03

၇၂ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ယေဘုယျ အချေအတင် ဆွေးနွေးပွဲကို ၁၉ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပြီး နိုင်ငံ အသီးသီးမှ ခေါင်းဆောင်များ သို့မဟုတ် အဆင့်မြင့် ကိုယ်စားလှယ်များသည် ခြိမ်းခြောက်မှုကြီးနှင့် စိန်ခေါ်မှုကြီးများ ရင်ဆိုင် ဖြေရှင်းရေး နည်းလမ်းများကို တိုင်ပင်ဆွေးနွေးမည် ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး ယခုအကြိမ် အချေအတင်ဆွေးနွေးပွဲသို့ တက်ရောက်မည် ဖြစ်ကြောင်း၊ ၄င်းသည် မျက်မှောက် နိုင်ငံတကာ အခြေအနေ၊ အရေးကြီး နိုင်ငံတကာနှင့် ဒေသရေးရာ ဆိုင်ရာ တရုတ်ပြည်၏ သဘောထား ရပ်တည်ချက်များကို ဘက်စုံ ရှင်းလင်း ပြောကြားမည် ဖြစ်ကြောင်း၊ တရုတ်ပြည်က ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ကမ္ဘာ့ ငြိမ်းချမ်း တည်ငြိမ်မှုနှင့် စည်ပင်သာယာမှု ထိန်းသိမ်းရန် သန္နိဌာန်ကို ဖေါ်ပြမည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။

   Webradio