• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-လာအို တပ်ဖွဲ့ခေါင်းဆောင်များ ပထမအကြိမ် နယ်စပ်ဒေသ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

(GMT+08:00) 2017-09-18 14:38:16

        တရုတ်-လာအို တပ်ဖွဲ့ခေါင်းဆောင်များ ပထမအကြိမ် နယ်စပ်ဒေသ တွေ့ဆုံဆွေးနွေးပွဲကို ယခုလ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ လာအိုနိုင်ငံ လွမ်နမ်သာပြည်နယ်၊ အိုဒို့မ်စိုင်ပြည်နယ်နှင့် တရုတ်ယူနန်ပြည်နယ် မွန်လာခရိုင်၌ ကျင်းပခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံတော်ကာကွယ်ရေးဝန်ကြီး ချန်ဝမ်ချွမ်နှင့် လာအိုနိုင်ငံတော်ကာကွယ်ရေးဝန်ကြီး ချန်စာမွန်တို့သည် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး လာအိုအား ကူညီရေးတပ်ဖွဲ့ အာဇာနည် ဂူသင်္ချိုင်းကို ပူဇော်ပသပြီး နယ်ခြားစောင့်တပ်ဖွဲ့နှင့် မူလတန်းကျောင်းကို လည်ပတ်ကြည့်ရှုကာ ပူတွဲကင်းလှည်မှုကို ကြည့်ရှုလေ့လာသည့်အပြင် ဆွေးနွေးပွဲလည်း ပြုလုပ်ခဲ့ကြောင်း သတင်းအရ သိရပါသည်။

   Webradio