• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၄ ကြိမ်မြောက် နိုင်ငံတကာ တရုတ်အနွယ်ဖွား ကုန်သည်များ အစည်းအဝေး ကျင်းပ

(GMT+08:00) 2017-09-18 10:22:02

၁၄ ကြိမ်မြောက် နိုင်ငံတကာ တရုတ်အနွယ်ဖွား ကုန်သည်များ အစည်းအဝေးကို ယခုလ ၁၆ ရက်နေ့က မြန်မာနိုင်ငံ ရန်ကုန်မြို့၌ စတင် ကျင်းပခဲ့ကြောင်း၊ ကမ္ဘာ့ နိုင်ငံ အသီးသီးမှ တရုတ် အနွယ်ဖွား ၂၀၀၀ ကျော်တို့သည် ယခုအကြိမ် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် တရုတ် နိုင်ငံတော်ကောင်စီ တရုတ်အနွယ်ဖွားရေးရာရုံး ဒုဥက္ကဋ္ဌ၊ တရုတ် ပင်လယ်ရပ်ခြား ကူးလူးဆက်ဆံရေး အသင်း ဒုဥက္ကဋ္ဌ ရှီယိုရှင်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်း ကော်မတီဝင်၊ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ယူကျင့်ရှင်း၏ ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။

ယခုအကြိမ် အစည်းအဝေး၏ ဆောင်ပုဒ်သည် မြန်မာ စီးပွါးရေး တံခါးဖွင့်ပြီး သမိုင်း အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ခြင်း ဖြစ်ကာ ရည်ရွယ်ချက်သည် ယခုအကြိမ် အစည်းအဝေးမှ တဆင့် မြန်မာနှင့် ကမ္ဘာ့ နိုင်ငံအသီးသီးမှ တရုတ်အနွယ်ဖွားများအကြား စီးပွါးကုန်သွယ်ရေး ဆက်ဆံမှု ကွန်ရက်ကို တည်ထောင်ရန် ဖြစ်ကြောင်း သိရပါသည်။

   Webradio