• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာအခြေအနေနှင့် မြောက်ကိုးရီးယား နျူကလီးယားပြဿနာများအပေါ် ကူတာရက်စ် အာရုံစိုက်

(GMT+08:00) 2017-09-14 13:21:59

        ယခုလ ၁၃ ရက်နေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကူတာရက်စ်က မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အခြေအနေနှင့် မြောက်ကိုးရီးယား နျူကလီးယားပြဿနာများအပေါ် အာရုံစိုက်နေခြင်းကို ဖော်ပြသည့်အပြင် ကုလသမဂ္ဂ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အဆိုပြုချက် ၂ ရပ်ကို ကြေညာခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        ကူတာရက်စ်က မြန်မာအစိုးရအနေနှင့် စစ်ရေးဆောင်ရွက်မှုများကို ရပ်စဲပြီး ဥပဒေအရ စီမံခန့်ခွဲရမည်ဖြစ်ကြောင်း၊ အခြားနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသူများ အားလုံးကို မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့် ရရှိရန်၊ ကုလသမဂ္ဂနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုများကို အချိန်မီပေးနိုင်ရန် အာမခံ ပေးရမည်ဖြစ်ကြောင်း ပန်ကြားခဲ့သည်။

   Webradio