• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ဟောင်ကောင်ဒေသ အုပ်ချုပ်ရေးမှူး မြန်မာနိုင်ငံ၌ ခရီးလှည့်လည်မည်

(GMT+08:00) 2017-09-14 13:21:18

        တရုတ် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူးရုံးမှ ယခုလ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့သော သတင်းအရ ဟောင်ကောင် အုပ်ချုပ်ရေးမှူး Carrie Lam Cheng Yuet-ngorသည် ယခုလ ၁၄ ရက်နေ့မှစ၍ မြန်မာနိုင်ငံ၌ ခရီးလည့်လည်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် Carrie Lam Cheng Yuet-ngor၏ စင်ကာပူနှင့် ထိုင်းခရီးစဉ်ပြီးသည့်နောက် ခရီးလှည့်လည်သော တတိယမြောက် အာဆီယံနိုင်ငံဖြစ်ကြောင်း၊ ယင်းသည် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ အစိုးရအနေနှင့် အာဆီယံအဖွဲ့နှင့် ဆက်ဆံမှုများကို တိုးမြှင့်ရန် အလေးထားခြင်းကို ဖော်ပြကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

   Webradio