• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရခိုင် အခြေအနေ တည်ငြိမ်လာပြီဟု မြန်မာ အစိုးရ ကြေညာ

(GMT+08:00) 2017-09-14 10:07:07

မြန်မာအစိုးရက၊ လုံခြုံရေး တပ်ဖွဲ့များ၏ စောင့်ကြပ်မှုဖြင့် ရခိုင်ပြည်နယ် အခြေအနေသည် တည်ငြိမ်လာပြီဟု ယခုလ ၁၂ ရက်နေ့က ကြေညာပြီး၊ အိုးမဲ့အိမ်မဲ့ ဖြစ်နေရသော ဒေသခံများ ရပ်ရွာသို့ ပြန်ရန် ပန်ကြားခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

သြဂုတ်လ ၂၅ ရက်နေ့ကစပြီး ရခိုင်ပြည် မြောက်ပိုင်းဒေသတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွါးခဲ့ကြောင်း၊ မြန်မာ နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြန်ကြားရေး ကော်မတီမှ ထုတ်ပြန်သော သတင်းအရ ယခုလ ၅ ရက်နေ့အထိ မောင်တော အပါအဝင် ဒေသများတွင် အကြမ်းဖက် တိုက်ခိုက်မှု ၉၇ ကြိမ် ဖြစ်ပွါးပြီ ဖြစ်ပြီး လူ ဆယ်ပေါင်း များစွာ သေဆုံးခဲ့ကြောင်း သိရပါသည်။

ရခိုင် အခြေအနေနှင့် ပတ်သက်ပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ကင်စွမ်က၊ မကြာမီက ရခိုင်ပြည်နယ်၌ ဖြစ်ပွါးခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုကို တရုတ်နိုင်ငံက ပြစ်တင်ရှုတ်ချကြောင်း၊ မြန်မာပြည်ဘက်၏ ရခိုင် ပြည်နယ် ငြိမ်းချမ်းတည်ငြိမ်မှု ထိန်းသိန်းရန်အတွက် ကြိုးပမ်းမှုကို တရုတ်နိုင်ငံက ထောက်ခံ ပါကြောင်း မကြာမီက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

   Webradio