• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-မြန်မာ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း သက်မွေးပညာ သင်တန်း ဖွင့်လှစ်

(GMT+08:00) 2017-09-14 09:41:48
        တရုတ်-မြန်မာ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း အသက်မွေးပညာ သင်တန်းကို ယခုလ ၁၃ ရက်နေ့က ရန်ကုန်မြို့၌ ဖွင့်လှစ်ခဲ့ပြီ ဖြစ်ကြောင်း၊ ယင်း သင်တန်းသည် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ်သံရုံးက ဦးစီးပြုလုပ်သော ပထမပိုင်း အချိန်ကာလ သက်မွေးပညာ သင်တန်း ဖြစ်ပြီး၊ ယခုနှစ် အစောပိုင်းက တရုတ်-မြန်မာ ခရီးသွားလုပ်ငန်း ဖိုရမ်တွင် နှစ်နိုင်ငံတို့၏ သဘောတူညီမှုများကို အကောင်အထည်ဖေါ်ဆောင်ရန် အရေးကြီး ဆောင်ရွက်မှုပင် ဖြစ်ကြောင်း၊ ပထမအသုတ် သင်တန်းသား ၃၀ ဦး ပါဝင်ပြီး ရန်ကုန်၌ အလုပ်အကိုင်ရှာကြံနေသော ဆင်းရဲသော လူငယ်များ ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။
   Webradio