• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

1+6 စားပွဲဝိုင်း ဆွေးနွေးပွဲတွင် တံခါးပွင့်ပြီး ရှင်သန်မှုရှိ၍ သက်ညှာထောက်ထားသော နိုင်ငံတကာ စီးပွားရေး တည်ဆောက်ရန် ဆွေးနွေး

(GMT+08:00) 2017-09-13 14:11:35

        တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ယခုလ ၁၂ ရက်နေ့က ပီကင်းမြို့ရှိ တျောက်ယူထိုင် နိုင်ငံတော်ဧည့်ဂေဟာ ဖန်ဟွာပန်းခြံဆောင်၌ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ကီမ်ဂျီမ်ယုံ၊ ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ ဒါရိုက်တာချုပ် လာဂါ့ဒ်၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ဒါရိုက်တာချုပ် အာဇီဗယ်ဒို၊ နိုင်ငံတကာ အလုပ်သမားများအဖွဲ့ ဒါရိုက်တာချုပ် ရိုင်ဒါ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ အတွင်းရေးမှူးချုပ် ဂူရီယာ၊ ငွေကြေးတည်ငြိမ်ရေးကောင်စီဥက္ကဋ္ဌ ကာနီတို့နှင့်အတူ ဒုတိယအကြိမ် စားပွဲဝိုင်း ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

        ယင်းဆွေးနွေးပွဲ ပထမပိုင်းတွင်  "ကမ္ဘာ့စီးပွားရေးအခြေအနေနှင့် စီးပွားရေး ဂလိုဘယ်လိုင်ဇေးရှင်း ရှေ့အလားအလာ"ဆောင်ပုဒ်နှင့်ပတ်သက်ပြီး ကမ္ဘာ့စီးပွားရေး တိုးတက်မှု၊ ဆက်တိုက်ဖွံ့ဖြိုးတိုးတက်ရေး၊ ဘက်ပေါင်းစုံ ကုန်သွယ်ရေးစနစ် ထိန်းသိမ်းကာကွယ်ရေး၊ စီးပွားရေး ဂလိုဘယ်လိုင်ဇေးရှင်း၊ လုပ်သားဈေးကွက်ဆိုင်ရာ ပေါ်လစီများ၊ နိုင်ငံတကာငွေကြေးလုပ်ငန်း ကြီးကြပ်ရေးစသည့် ကိစ္စများကို နက်ရှိုင်းစွာ အမြင်ချင်းကူးလူးဖလှယ်ခဲ့ကြောင်း သတင်းအရ သိရပါသည်။

   Webradio