|
||||||||
|
|||||||||||||
မြောက်ကိုးရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ယခုလ ၁၃ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပြီး၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ၁၁ ရက်နေ့က အတည် ပြုခဲ့သော မြောက်ကိုးရီးယားဆိုင်ရာ ဆုံးဖြတ်ချက်သည် တရားမဝင် ဖြစ်ပြီး မြောက်ကိုးရီးယားသည် ယင်းဆုံးဖြတ်ချက် အပေါ် ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချပြီး ဘက်စုံ ကန့်ကွက်ကြောင်း ဖေါ်ပြခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။
ယခုလ ၁၁ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ဆုံးဖြတ်ချက် အမှတ် ၂၃၇၅ ကို အတည်ပြုပြီး မြောက်ကိုးရီးယားအား အရေးယူပိတ်ဆို့မှုသစ်ကို ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိပါသည်။
|