• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၄ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေး ဖွင့်လှစ်

(GMT+08:00) 2017-09-13 09:11:59

၁၄ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေးကို ယခုလ ၁၂ ရက်နေ့က တရုတ်ပြည် နန်နင်းမြို့၌ ဖွင့်လှစ် ခဲ့ကြောင်း၊ တရုတ် နိုင်ငံတော်ကောင်စီ ဒုဝန်ကြီးချုပ် ကျန်းကောလိသည် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ကြောင်း၊ ကျန်းကောလိက၊ တရုတ်- အာဆီယံ ကုန်စည်ပြပွဲသည် တရုတ်နှင့် အာဆီယံ နိုင်ငံများအကြား အပြန်အလှန် ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် အရေးကြီး ပလက်ဖေါင်း ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ယခုနှစ်သည် အာဆီယံ တည်ထောင်ခဲ့သည့် ၅၀ ပြည့်မြောက်နှစ်နှင့် တရုတ်-အာဆီယံ ခရီးသွား လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးနှစ် ဖြစ်သည့် အပြင် Belt and Road တည်ထောင်မှု တွန်းအားပေးရေးဆိုင်ရာ အရေးကြီး နှစ် တစ်နှစ်လည်း ဖြစ်ကြောင်း သိရပါသည်။

ယခုအကြိမ် အစည်းအဝေး၏ ဆောင်ပုဒ်သည် "၂၁ ရာစု ပင်လယ် ပိုးလမ်းမကြီး လက်တွဲ တည်ထောင်ခြင်း၊ ခရီးသွားလုပ်ငန်းဖြင့် ဒေသတွင်း စီးပွါးရေး တပြေးညီ ဖြစ်ရေးကို တွန်းအားပေးခြင်း" ဖြစ်ကြောင်း သိရပါသည်။

   Webradio