• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြောက်ကိုးရီးယားအား အရေးယူရန် ကုလ၏ဆုံးဖြတ်ချက် အကြောင်း ကင်စွမ် ပြောဆို

(GMT+08:00) 2017-09-12 10:51:05

အမေရိကန် အရှေ့ပိုင်း ဒေသစံတော်ချိန် စက်တင်ဘာလ ၁၁ ရက်နေ့တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် မြောက်ကိုးရီးယား နျူကလီးယား စမ်းသပ်မှု ပြဿနာနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက် အမှတ် ၂၃၇၅ ကို အတည်ပြုခဲ့ပါသည်။

ယင်းနှင့် ပတ်သက်ပြီး ယခုလ ၁၁ ရက်နေ့က တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင်၊ မြောက်ကိုးရီးယားသည် နိုင်ငံတကာ မိသားစုကြီး၏ ကန့်ကွက်မှုကို လစ်လျူရှုပြီး နျူကလီးယား စမ်းသပ်မှုကို နောက်ထပ် တစ်ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ယင်းသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ချိုးဖေါက်ခဲ့ကြောင်း၊ လုံခြုံရေး ကောင်စီက လိုအပ်သော ဆောင်ရွက်မှုများကို ပြုလုပ်ရန် တရုတ်နိုင်ငံက ထောက်ခံကြောင်း ပြောကြား ခဲ့ပါသည်။

   Webradio