• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်သည် တောင်ကိုးရီးယားနှင့် ဂျပန်အား လက်နက် ရောင်းချမှု တိုးများလာ

(GMT+08:00) 2017-09-08 10:25:59

အမေရိကန် သမ္မတ ထရန့်သည် ယခုလ ၅ ရက်နေ့က ၄င်း၏ တွက်တာ၌ ဆောင်းပါး ထုတ်ပြန်ပြီး၊ ဂျပန်နှင့် တောင်ကိုးရီးယားတို့ အမေရိကန်မှ ခေတ်အမီဆုံး လက်နက်များ ဝယ်ယူရန် ပမာဏ အမြောက်အများ တိုးမြှင့်ဖို့ ပြုခွင့်မည် ဖြစ်ကြောင်း ဖေါ်ပြခသည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

ကျွမ်းကျင်ပညာရှင်များက၊ အမေရိကန်သည် တောင်ကိုးရီးယားနှင့် ဂျပန်အား ပိုမို များပြားသော ခေတ်မီ လက်နက်များ ရောင်းချပြီး တောင်ကိုးရီးယားနှင့် ဂျပန်တို့၏ စစ်ရေး ခြိမ်းခြောက်မှု တိုးစေခြင်းသည် ကိုးရီးယားကျွန်းဆွယ် အခြေအနေ ပိုမို တင်းမာ စေနိုင်မည် ဖြစ်ကြောင်း သုံးသပ်ထားပါသည်။

တရုတ်နှင့်ရုရှားတို့က၊ အရေးယူ ပိတ်ဆို့မှုနှင့်သာ ကိုးရီးယားကျွန်းဆွယ် တင်းမာ လာသော အခြေအနေ လျော့ပေါ့စေနိုင်မည် မဟုတ်ဟု တလျှောက်လုံး ယူဆကြောင်း၊ ၅ ရက်နေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က၊ ကိုးရီးယားကျွန်းဆွယ် နျူကလီးယား ပြဿနာ ဖြေရှင်းရာတွင် အရေးယူမှုပင် လုပ်ခြင်းသည် အရင်းခံ ဖြေရှင်းရေးနည်းလမ်း မဟုတ်ဟု ပြောကြားခဲ့ကြောင်း သိရပါသည်။

   Webradio