• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စကော်လာတို့အားမာန်များ အပိုင်း-၎

(GMT+08:00) 2017-09-06 17:35:39

            တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ  မြန်မာနိုင်ငံက ကျောင်းသားတွေလာရောက် ပညာသင်ကြားနေကြတာ များစွာရှိနေပါတယ်။ ဒီလို လာရောက်ပညာသင်ကြားကြတဲ့အခါ ကိုယ့်စရိတ်နှင့်ကိုယ်၊ ဒါမှမဟုတ် တရုတ်နိုင်ငံကပေးတဲ့ စကော်လားရှစ်ရလို့လာရောက်တဲ့ သူအစုံပါဝင်ပါတယ်။ ဒီလိုအစုံပါဝင်နေပေမယ့် သူတို့ရဲ့တူညီတဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံခြားက သင်ယူခဲ့တဲ့ပညာရပ်တွေနှင့်အတူ မိမိနိုင်ငံအတွက် ပြန်လည်အကျိုး ပြုကြမယ် ဆိုတာပါပဲ။ ဖြစ်လာတာ မဖြစ်လာတာကတော့ အခြေအနေတစ်ခုစီပေါ်မှာ မူတည်နေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် စကော်လာတို့ရဲ့ ရင်ထဲမှာတော့ အတွေးအခေါ်ခံယူချက်တွေ၊ မျှော်လင့်ချက်တွေ၊ မျှော်မှန်းချက်တွေ များစွာရှိနေတာတော့ သေချာပါတယ်။  ဒါကြောင့် ဒီကဏ္ဍကနေ တရုတ်နိုင်ငံမှာ လာရောက်ပညာသင်ကြားနေကြတဲ့ ကျောင်းသားတွေရဲ့ အတွေးအမြင်၊ ခံယူချက်တွေနှင့်ပတ်သက်ပြီး တွေ့ဆုံမေးမြန်းချက်တွေကို တင်ဆက်ပေး သွားမှာဖြစ်ပါတယ်။ အခုတစ်ပတ်တော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ CSC (china scholar- ship council) ကပေးအပ်တဲ့ စကော်လာရှစ်နှင့် ပီကင်းမြို့ University of Business and Trade မှာ International Trade ဘာသာရပ်အထူးပြုဖြင့် လာရောက်ပညာသင်ကြားနေတဲ့ ကိုဟိန်းလင်းဆွေကို သူ့အနာဂတ်မျှော်မှန်းချက်တွေနှင့်ပတ်သက်ပြီး  အခုလိုတွေ့ဆုံ မေးမြန်းထားပါတယ်။

မေး>>> မင်္ဂလာပါ။

ဟိန်းလင်းဆွေ>>> ဟုတ်ကဲ့။ မင်္ဂလာပါ။

မေး>>> ဒီမှာပညာသင်နေတာ ပညာသင်နှစ် ဘယ်နှနှစ်ရောက်နေပြီလဲ။

ဟိန်းလင်းဆွေ>>> အခုတက်နေတာကတော့ ပထမနှစ်ပါ။ ရောက်နေတာတော့ (၇)လ ကျော်ရှိနေပါပြီ။

မေး>>> ဒီမှာ ပညာသင်ကြားရတဲ့အခါ မြန်မာနိုင်ငံနှင့်ယှဉ်လိုက်ရင် ဘယ်လို့အခက်အခဲ တွေရှိသလဲ။ နောက် ဒီနှစ်နိုင်ငံရဲ့ ပညာရေးအပေါ် ဘယ်လိုမြင်ပါသလဲ။

ဟိန်းလင်းဆွေ>>> ရောက်တာက အခုမှရောက်တယ်။ ပြီးတော့ ဆယ်တန်းအောင် ပြီးပြီး ချင်းလာတယ်။ မေဂျာအတွေ့အကြုံပိုင်းကလည်း သိပ်မရှိသေးတော့ ရောက်ခါစကတော့ အခက်အခဲတွေက အများကြီးပဲ။ ဒါပေမယ့် ဒီမှာ အတန်းဖော်နိုင်ငံခြားသားအများကြီးက လည်း ကူညီကြတယ်။ ပြီးတော့ နိုင်ငံခြားသားတွေနှင့်ပေါင်းသင်းရတာဖြစ်တဲ့အတွက် နိုင်ငံ ချင်းတိုင်းစီရဲ့အမြင်အယူအဆတွေအားလုံးကို တွေ့ရတယ်။ အဲဒီအတွက် အများကြီးတော့ အထောက်အကူဖြစ်ပါတယ်။

မေး>>> ဒီတရုတ်နိုင်ငံအနေနဲ့ သူတို့နိုင်ငံရဲ့ပညာရေးနှင့်ပတ်သက်ပြီး ပံ့ပိုးမှုအပိုင်းကို ဘယ်လိုမျိုးတွေ့မြင်ရလဲ။

ဟိန်းလင်းဆွေ>>> ဟုတ်။ ပံ့ပိုးမှုအပိုင်းက တရုတ်ကျောင်းသားတွေဆို အရမ်းကို ဦးစား ပေးတယ်ပေါ့နော်။ အများကြီးထောက်ပံ့တာကို တွေ့ရပါတယ်။ တရုတ်ကျောင်းသားတွေ ဆိုလို့ရှိရင် စည်းကမ်းပိုင်းကအစ အားကစားပိုင်းအစ။ ညီတို့ဆိုရင် အားတဲ့အချိန်တွေ ဆိုရင် အလယ်တန်းကျောင်းတွေ၊ အထက်တန်းကျောင်းတွေကို သွားလေ့လာရတယ်။ အဲဒီ မှာတွေ့ရတာက ကလေးတွေကို နိုင်ငံခြားသားတွေနှင့် များများထိတွေ့ပေးတယ်။ ကျောင်း တွေကို နိုင်ငံခြားတွေကို ဖိတ်တယ်။ ကလေးတွေကို နိုင်ငံခြားသားတွေနှင့် အတွေ့အကြုံ တွေများများရအောင် ထိတွေ့ပေးတယ်။ ပြီးလို့ရှိရင် အားကစားလုပ်ချိန်မှာ အားကစားကို လုံးဝလုပ်ရမယ်။ တီထွင်မှုဆိုလည်း တီထွင်မှုအပိုင်းကိုလုံးဝလုပ်ရမယ်။ အဲလိုမျိုး ငယ်ငယ် လေးကတည်းက Train လုပ်ပေးထားတယ်။ မြန်မာနိုင်ငံကျောင်းသားတွေအနေနဲ့ကတော့ နိုင်ငံခြားသားနှင့်ထိတွေ့မှုကလည်း အရမ်းအားနည်းတယ်။ ပြီးလို့ရှိရင် ဒီလိုအားကစား ပိုင်းဆိုရင်လည်း စာမှစာပဲဖြစ်နေတဲ့ခေတ်ဖြစ်နေတယ်ပေါ့နော်။ အားကစားပိုင်းကအစ ကလေးတွေကို သေချာသင်ကြားပေးသင့်တယ်လို့ထင်ပါတယ်။

မေး>>> တရုတ်နိုင်ငံက ပညာရေးအပေါ်မှာ များစွာထောက်ပံ့ကူညီမှုတွေကို တွေ့မြင် ရတဲ့အခါမှာ မြန်မာနိုင်ငံအနေနဲ့လည်း  ပညာရေးအပေါ်ထောက်ပံ့ကူညီမှုတွေပြုလုပ်နေ မှုအပေါ်မှာလည်း ဘာပြောချင်ပါသလဲ။

ဟိန်းလင်းဆွေ>>> ပညာရေးပံ့ပိုးမှုအနေနဲ့ကတော့ အားကစားဘက်တွေလည်း  အများ ကြီးလိုမယ်ထင်တယ်။ စာတင်မဟုတ်ဘဲနဲ့ ကျောင်းတွေမှာ အားကစားရုံတွေ ရှိသင့်တယ်။ တချို့ကျောင်းတွေမှာ အားကစားကွင်းတွေလည်း အရမ်းနည်းတယ်ပေါ့နော်။ အားကစား ချိန်သတ်သတ်ထားပေးသင့်တယ်လို့ထင်တယ်။ အားကစားချိန်မှာ လုံးဝအားကစားလုပ် ဖြစ်ဖို့ ပြီးတော့ မြန်မာလူမျိုးတွေဆိုလို့ရှိရင် ဘယ်လိုပြောရမလဲ။ ညီတို့ကအစ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုက အားကစားပိုင်းကအစ လိုအပ်တယ်။ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုက အရမ်းကို နှောင့်နှေး တယ်လို့ထင်တယ်။

မေး>>> အခုလို တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံကကျောင်းသားတွေကို စကော်လားရှစ် ပေးတာအများကြီးရှိတယ်။ ဒီစကော်လားရှစ်ပေးတာဖြစ်တဲ့အတွက်ကြောင့် နှစ်နိုင်ငံရဲ့ ရင်းနှီးချစ်ကြည်မှုက ဘယ်လောက်အထိ တိုးတက်လာနိုင်တယ်လို့ ထင်ပါသလဲ။

ဟိန်းလင်းဆွေ>>> ပိုပိုပြီးတော့ တိုးတက်လာနိုင်တယ်ပေါ့နော်။ နှစ်တိုင်းလွှတ်နေတာဖြစ် တဲ့အတွက် တရုတ်နိုင်ငံနှင့်ဆက်သွယ်မှုက အရမ်းကိုကောင်းလာတယ်။ မြန်မာနိုင်ငံက ကျောင်းသားတွေပိုများလာတယ်။ အဲဒါပြီးလို့ရှိရင် ဒီကတရုတ်တွေကလည်း တချို့ဆို မြန်မာအကြောင်းကိုလေ့လာနေတာတွေ အများကြီးရှိတယ်။ အဲဒီမှာဆိုရင် ဒီကမြန်မာ ကျောင်းသားတွေက ကူညီပေးရတာတွေအများကြီးရှိတယ်။ မြန်မာရဲ့ယဉ်ကျေးမှု အကြောင်းကို ပြန်ပြီးတော့သင်ကြားပေးရတယ်။ မြန်မာစာအကြောင်းကိုပြန်ပြီးတော့ သင်ကြားပေးရတယ်။ အဲဒီအခါမှာ နှစ်နိုင်ငံရဲ့ ယဉ်ကျေးမှုဖလှယ်မှုတွေရော၊ ဘာသာစကား ဖလှယ်မှုတွေရော အများကြီးကို တိုးတက်လာနိုင်တယ်လို့ထင်ပါတယ်။

မေး>>> ဟုတ်ကဲ့ပါညီရေ။ အခုဆိုရင် အစ်ကိုတို့နိုင်ငံအနေနဲ့က တစ်ခြားပြည်ပနိုင်ငံတွေ ကို ပညာတော်သင်သွားတာအများကြီးရှိပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ဒီပညာတော် သင်တွေကို အသုံးချနိုင်မှုက အရမ်းကိုအားနည်းပါတယ်။ အဲဒီအပေါ်မှာလည်း ဘယ်လို မြင်ပါသလဲ။

ဟိန်းလင်းဆွေ>>> ဒီလို အသုံးချနိုင်မှုကတော့ ကျောင်းသားတွေအပေါ်မှာလည်း မူတည် တယ်။ အစိုးရပေါ်မှာလည်း မူတည်ပေါ့နော်။ အစိုးရအနေနဲ့ ဒီကျောင်းသားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေပေးသင့်တယ်။ကျောင်းသားတွေကလည်း ကိုယ့် နိုင်ငံက စကော်လားရှစ်ပေးတာဖြစ်တဲ့အတွက် ပညာသင်ပြီးတာနှင့် ကိုယ့်နိုင်ငံအတွက် အကျိုးပြုနိုင်ရမယ်။ တချို့တွေဆိုလို့ရှိရင် လုံးဝနိုင်ငံမပြန်ဘဲပေါ့နော်။ တခြားနိုင်ငံမှာပဲ အခြေချလိုက်တာရှိတယ်။ အဲလိုမျိုးမလုပ်ဘဲနဲ့ ကိုယ့်နိုင်ငံအတွက် ဘယ်လိုပြန်အကျိုးပြု မလဲဆိ���တာ တွေးသင့်တယ်။ အစိုးရကလည်း ဒီကျောင်းသားတွေအတွက် လုပ်ငန်းကိုင်ငန်း တွေဘယ်လိုချပေးမလဲ အဲလိုမျိုးတွေလုပ်ပေးရင်တော့ ပိုအဆင်ပြေမယ်ထင်ပါတယ်။

မေး>>> များသောအားဖြင့် ဒီစကော်လားရှစ်တွေအားလုံးဟာဆိုလို့ရှိရင် ပညာရေးနှင့် ပတ်သက်ပြီးမှလာကြတယ်ညီရာ။ ဒါပေမယ့် တချို့ဆိုလို့ရှိရင် ကိုယ့်နိုင်ငံမပြန်ဘဲနေကြ တယ်။ ပြီးတော့ တချို့ဆို ကိုယ့်နိုင်ငံက လွှတ်ပေမယ့် တခြားနိုင်ငံရဲ့ စရိုက်တွေဝင်လာပြီး မျိုးချစ်စိတ်တွေ ပျောက်သွားတာအများကြီးရှိတယ်။ အဲဒီအပေါ်မှာရော ညီလေးအနေနဲ့ ဘယ်လို့မြင်ပါသလဲ။

ဟိန်းလင်းဆွေ>>> အဲဒါကတော့ လုံးဝမဖြစ်သင့်တဲ့အရာတစ်ခုပေါ့နော်။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာကတော့ ထိန်းသိမ်းသင့်တယ်ပေါ့နော်။ ဘယ်နိုင်ငံ ဘယ်နေရာပဲ ရောက်ရောက်။ အခုဆို ညီတို့ဆိုရင် သူငယ်ချင်းတစ်တွေလာတယ်။ သူငယ်ချင်းတစ်တွေ စုလာပြီးတော့ သူငယ်ချင်းမိန်းကလေး၊ သူငယ်ချင်းယောက်ျားလေးကအစ အချင်းချင်းပြန် ထိန်းတယ်။ ဘယ်သူနှင့်ဆို ဘယ်လို့မပြောနဲ့။ ဘယ်သူနဲ့ဆို ဘယ်လိုမဆိုနဲ့။ အဲလိုမျိုး အချင်းချင်းပြန်ပြန်ထိန်းသင့်တယ်ပေါ့နော်။ ဒီနိုင်ငံမှာရောက်လို့ ဒီယဉ်ကျေးမှုအတိုင်းလိုက် သွားတာမျိုးမဟုတ်ဘဲနဲ့ နိုင်ငံတိုင်းယဉ်ကျေးမှုတိုင်းကိုတော့ ဖလှယ်ရမယ်။ ကိုယ့်နိုင်ငံက ယဉ်ကျေုးမှုက ဘယ်လို့ သူနိုင်ငံရဲ့ယဉ်ကျေးမှုက ဘယ်လို၊ ဘာမတူဘူးပဲ။ ဘာကတော့ တူတာပဲ။ အဲလိုမျိုးအသိအမြင်ပဲယူရမယ်ပေါ့နော်။ ဒါပေမယ့် လူတစ်ခုလုံးကြီးပြောင်းလဲ လိုက်တာတော့ လုံးဝမဖြစ်သင့်ဘူးပေါ့။

မေး>>> ဟုတ်ကဲ့ပါ။ ညီရဲ့ အနာဂတ်ရည်မှန်းချက်ကိုလည်း ပြောပြပါဦး။

ဟိန်းလင်းဆွေ>>> ညီရဲ့ရည်မှန်းချက်ကတော့ ဒီမှာ စီးပွားရေးပညာလာသင်တယ်။ ဒါပြီး ရင် မြန်မာနိုင်ငံမှာပြန်လည်သင်ကြားပို့ချပေးမယ်။ တက္ကသိုလ်တစ်ခုခုမှာပေါ့နော်။ ကျောင်း ဆရာတစ်ခုခုပြန်လုပ်မယ်။ အဲလို ရည်မှန်းထားပါတယ်။

မေး>>> ဟုတ်ကဲ့ပါ။  နိုင်ငံတစ်နိုင်ငံမှာ လူငယ်တွေရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာ အရမ်းလိုအပ် တယ်ပေါ့ညီရာ။ လူငယ်စွမ်းအားဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကိုလည်း  နိုင်ငံတိုင်းက လုပ်နေ ကြတာရှိတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း ညီတို့လို စကော်လားရှစ်တွေ၊ လူငယ်အရည် အသွေးတွေကို မြှင့်တင်ဖို့အတွက် ဘာတွေဆက်ပြီးတော့လုပ်ပေးဖို့လိုအပ်မယ်လို့ ထင်ပါ သလဲ။

ဟိန်းလင်းဆွေ>>> လူ့စွမ်းအားအရင်းအမြစ်ဆိုရင်တော့ အဓိက ပညာရေး၊ အားကစား ရေး၊ ကျန်းမာရေးပေါ့နော်။ စသဖြင့်။ အဓိကကတော့ ကလေးတွေဟာ ကျောင်းကပဲ စာသင် တာဖြစ်တဲ့အတွက် ကျောင်းပညာရေးကို အဓိကအလေးထားသင့်တယ်လို့ထင်ပါတယ်။ ကျောင်းပညာရေးရယ် ပြီးတော့ အားကစားပိုင်းကအစ ကလေးတွေကို သေချာTrain ချင် တယ်။ အဲဒါပြီးလို့ရှိရင် ပွင့်လင်းလာတာနှင့်အမျှ တရုတ်နိုင်ငံရဲ့ပညာရေးစနစ်လိုပဲ နိုင်ငံ ခြားသားတော်တော်များများနှင့်ထိတွေ့ပေးမယ်။ အခုချိန်မှာ တက္ကသိုလ်ရောက်သွားတဲ့ တချို့ကျောင်းသားတွေတောင်မှ နိုင်ငံခြားသားတွေနှင့်စကားမပြောတာတွေ၊ စကားမပြော ရဲတာတွေ၊ နိုင်ငံခြားသားတွေနှင့်အဆက်အသွယ်မရှိဘူး၊ ဒီကတက္ကသိုလ်တွေဆို အရမ်း ကောင်းတယ်။ နိုင်ငံခြားသားကျောင်းသားတွေနှင့်သူတို့ဘာသာစကားအများကြီး လေ့လာ လို့ရတယ်။ ကျောင်းစာတစ်ခုတည်းမဟုတ်ဘဲနဲ့ နိုင်ငံတကာရဲ့ယဉ်ကျေးမှုတွေ၊ ဘာသာ စကားတွေ အများကြီးလေ့လာလို့ရတာာဖြစ်တဲ့အတွက်။ အဓိကကတော့ နိုင်ငံခြားသား တော်တော်များများနှင့် ကလေးတွေကိုငယ်ငယ်လေးကတည်းက Train ပေးနိုင်ရင်ကောင်း မယ်လို့ထင်ပါတယ်။

မေး>>> ဟုတ်ကဲ့ပါ အခုလိုဖြေကြားပေးတဲ့ ညီလေးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

ဟိန်းလင်းဆွေ>>> ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။

 

မေးမြန်း/ရေးသား----ဇော်မင်းထွန်း

   Webradio