• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

BRICS နိုင်ငံ ထိပ်သီးများ ရှမင် တွေ့ဆုံဆွေးနွေးပွဲ အပေါ် နိုင်ငံတကာ ပုဂ္ဂိုလ်များ ချီးကျူး

(GMT+08:00) 2017-09-06 10:41:52

နဝမ အကြိမ်မြောက် BRICSနိုင်ငံမှ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲနှင့် ထွန်းသစ်စ နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ ဆွေးနွေးပွဲကို ယခုလ ၅ရက်နေ့က တရုတ်ပြည် ရှမင်မြို့တွင် ကျင်းပပြီးစီးခဲ့ကြောင်း၊ ၄င်းဆွေးနွေးပွဲတွင် "BRICS နိုင်ငံများမှ ထိပ်သီး ခေါင်းဆောင်များ ရှမင် ကြေညာချက်"ကို ထုတ်ပြန်ရာ ပြီးခဲ့သည့် ဆယ်နှစ် အတွင်း BRICS ပူးပေါင်းဆောင်ရွက်မှုများမှ ရရှိခဲ့သော အောင်မြင်မှု အတွေ့အကြုံများကို ပေါင်းရုံးသုံးသပ် ကာ BRICSမိတ်ဖက် ဆက်ဆံမှု တိုးမြှင့်ရေးနှင့် နယ်ပယ် အသီးသီးမှ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု ဇောက်ချပြုလုပ်ရေး အတွက် စီမံကိန်းသစ် ချမှတ်ခဲ့ကြောင်း၊ နိုင်ငံခြား ပညာရှင်များက ရှမင် တွေ့ဆုံဆွေးနွေးပွဲတွင် အောင်မြင်မှု များစွာ ရရှိခဲ့ကြောင်း၊ ယခုအကြိမ် ဆွေးနွေးပွဲသည် အနာဂတ် BRICS ပူးပေါင်းဆောင်ရွက်ရေး ယုံကြည်မှု ခိုင်မာတိုးပွားစေပြီး  ဦးတည်ချက်ကို ညွှန်းပြကာ BRICS ပူးပေါင်းဆောင်ရွက်ရေး၏ ဒုတိယ ဆယ်နှစ်တာ ရွှေကာလ ဖန်တီးပေးရေး အတွက် အရေးကြီး အုတ်မြစ် ဖြစ်ကြောင်း ယူဆကြသည်ဟု တရုတ်ပြည်သူ့ နေ့စဉ် သတင်းစာတွင် ရေးသားဖော်ပြသည်။

ဥရောပ လွှတ်တော်မှ တရုတ်ပြည်နှင့် ဆက်ဆံရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဂျိုလိန်က ယခုအကြိမ် ရှမင် တွေ့ဆုံဆွေးနွေးပွဲသည် BRICS နိုင်ငံများ အကြား သဘောတူညီမှု စုစည်းပြီး စိန်ခေါ်မှုများ လက်တွဲရင်ဆိုင်ရန် အရေးကြီးသော အစည်းအဝေး တစ်ခု ဖြစ်ကြောင်း ပြောကြားသည်။

ရုရှား-တရုတ် ချစ်ကြည်ရေး အသင်း ဒုဥက္ကဋ္ဌ စာနာကိုယဲ့ဗ်က BRICS နိုင်ငံများမှ  ထိပ်သီးခေါင်းဆောင်များသည် တွေ့ဆုံဆွေးနွေးပွဲ၌ လက်ရှိအချိန်တွင် နိုင်ငံတကာ မိသားစုကြီး ရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်ပြီး သဘောထား ရပ်တည်ချက် ညှိနှိုင်းကာ သဘောတူညီချက်များရရှိခဲ့ကြကြောင်း၊ ထို့အပြင်၊ စီးပွားရေး၊ လုံခြုံရေးစသည့် နယ်ပယ်များတွင် အောင်မြင်မှုများ ရရှိခဲ့ကြောင်း ပြောဆိုသည်။

အိန္ဒိယ ဒေလီ တက္ကသိုလ် နိုင်ငံရေး ပညာ ပါမောက္ခ ရှာမာက ရှမင် တွေ့ဆုံဆွေးနွေးပွဲ တွင် အောင်မြင်မှု များစွာ ရရှိကြောင်း၊ အထူးသဖြင့် "BRICS နိုင်ငံများမှ ထိပ်သီး ခေါင်းဆောင်များ ရှမင် ကြေညာချက်"ကို ထုတ်ပြန်ခဲ့ကြောင်း ပြောကြားသည်။

တောင်အာဖရိက လူမဲကုန်သည်များ အသင်း ဥက္ကဋ္ဌ ဒါနီရှာ-ဘာလိုအီက "BRICS နိုင်ငံများမှ ထိပ်သီး ခေါင်းဆောင်များ ရှမင် ကြေညာချက်"တွင် အနာဂတ် BRICS ပူးပေါင်းဆောင်ရွက်ရေး ရှေ့အလားအလာ များစွာ ရှိခြင်းကို ပြသနေကြောင်း ပြောကြား သည်။

   Webradio