• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပြည်တွင်းပြည်ပ သတင်းထောက်များအား BRICS နိုင်ငံ ထိပ်သီးများ တွေ့ဆုံဆွေးနွေးပွဲ အကြောင်း ရှီကျင့်ဖိန် မိတ်ဆက်ပေး

(GMT+08:00) 2017-09-05 17:07:56

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၅ရက်နေ့က ရှမင် နိုင်ငံတကာ အစည်းအဝေး စတင်တွင် ပြည်တွင်းပြည်ပ သတင်းထောက်များနှင့် တွေ့ဆုံရာ၌ နဝမ အကြိမ်မြောက် BRICSနိုင်ငံမှ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲနှင့် ထွန်းသစ်စ နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ ဆွေးနွေးပွဲ၏ အကြောင်းများကို မိတ်ဆက်ပေးခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ၄ရက်နေ့က BRICSနိုင်ငံ ထိပ်သီးခေါင်းဆောင်များ ရှမင် တွေ့ဆုံ ဆွေးနွေးပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း၊ ၄င်းဆွေးနွေးပွဲတွင် "BRICS နိုင်ငံများမှ ထိပ်သီးခေါင်းဆောင်များ ရှမင် ကြေညာချက်"ကို ထုတ်ပြန်ရာ ပွင့်လင်းမှု၊ သက်ညှာ ထောက်ထားမှု၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် အတူအောင်မြင်မှုများ ရရှိရေးမူများကို ထပ်လောင်းဖော်ပြပြီး ပြီးခဲ့သည့် ဆယ်နှစ် အတွင်း BRICS ပူးပေါင်းဆောင်ရွက်မှုများမှ ရရှိခဲ့သော အောင်မြင်မှု အတွေ့အကြုံများကို ပေါင်းရုံးသုံးသပ်ကာ BRICSမိတ်ဖက် ဆက်ဆံမှု တိုးမြှင့်ရေးနှင့် နယ်ပယ် အသီးသီးမှ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု ဇောက်ချပြုလုပ်ရေး အတွက် စီမံကိန်းသစ် ချမှတ်ခဲ့ကြောင်း ပြောကြားသည်။

ထွန်းသစ်စ နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ ဆွေးနွေးပွဲနှင့် ပတ်သက်၍ ဥက္ကဋ္ဌ ရှီကျင့်ဖိန်က BRICSနိုင်ငံများသည် အီဂျစ်၊ မက္ကဆီကို၊ ထိုင်း၊ တာဂျစ်ကစ္စတန်နှင့် ဂီနီ နိုင်ငံများမှ ထိပ်သီးခေါင်းဆောင်များသည် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး စီမံကိန်းနှင့် ပတ်သက်၍ တိုင်ပင်ဆွေးနွေးရာ ကျယ်ပြန့်သော ဖွံ့ဖြိုးတိုး တက်ရေး မိတ်ဖက် ဆက်ဆံမှုကို ထားရှိပြီး ၂၀၃၀ပြည့်နှစ် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကို အရှိန်မြှင့် လက်တွေ့ဖော်ဆောင်ရန် တညီတညွတ်တည်း သဘောတူ ကြကြောင်း ပြောကြားသည်။

   Webradio