• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

BRICS နိုင်ငံများ စက်မှုနှင့် ကုန်သွယ်မှု ဖိုရမ်တွင် ရှီကျင့်ဖိန်၏ မိန့်ခွန်းကို နိုင်ငံခြား မီဒီယာများ အာရုံစိုက်

(GMT+08:00) 2017-09-05 09:09:20

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ရှာ့မင်မြို့၌ ကျင်းပသော ၂၀၁၇ ခုနှစ် BRICS နိုင်ငံများ စက်မှုနှင့် ကုန်သွယ်မှု ဖိုရမ်တွင်၊ BRICS နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ဒုတိယ အကြိမ်မြောက် ဆယ်နှစ်တာ ရွှေကာလကို လက်တွဲ ထူထောင်ကြစို့ ခေါင်းစဉ်ဖြင့် မိန့်ခွန်း ပြောကြားခဲ့ကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရပါသည်။

နိုင်ငံခြား မီဒီယာများစွာတွင် ရှီကျင့်ဖိန်၏ ကမ္ဘာ့စီးပွါးရေး တံခါးဖွင့်ရေးဆိုင်ရာ ကမ်းလှမ်းချက်ကို အသီးသီး ထုတ်ပြန်ခဲ့ကြောင်း၊ စင်ကာပူနိုင်ငံ လျန်ဟို ကျော်ပို သတင်းစာတွင် စီးပွါးရေး ဂလိုဘယ်လေဇေးရှင်း ဦးတည်ချက်နှင့် စီးပွါးရေး ဂလိုဘယ်လေဇေးရှင်း တွန်းအားပေးရေးဆိုင်ရာ ရှီကျင့်ဖိန်၏ မျှောမှန်းချက်များကို အဓိကထား သတင်းထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio