• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် BRICS နိုင်ငံ ခေါင်းဆောင်များနှင့် စက်မှု ကုန်သွယ်မှုကောင်စီ ဆွေးနွေးပွဲသို့ တက်ရောက်

(GMT+08:00) 2017-09-05 08:54:15

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၄ ရက်နေ့က ရှာ့မင် မြို့၌ BRICS နိုင်ငံ ခေါင်းဆောင်များနှင့် ကုန်သွယ်မှုကောင်စီ ဆွေးနွေးပွဲသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ကြောင်း၊ ဘရာဇီး သမ္မတ တေမေ၊ ရုရှား သမ္မတ ပူတင်၊ အိန္ဒိယ ဝန်ကြီးချုပ် မော်ဒီ၊ တောင်အာဖရိက သမ္မတ ဇူမာတို့လည်း ဆွေးနွေးပွဲ တက်ရောက် ခဲ့ကြကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ဆွေးနွေးပွဲ အပြီးတွင် BRICS နိုင်ငံ ခေါင်းဆောင်များ ရှေ့မှောက်၌ BRICS နိုင်ငံများ စီးပွါးကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်၊ BRICS နိုင်ငံများ ဆန်းသစ်တီထွင်ရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်၊ BRICS နိုင်ငံများ အကောက်ခွန်ဌာနများ ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ မူဘောင်၊ BRICS နိုင်ငံများ စက်မှုနှင့် ကုန်သွယ်မှုကောင်စီနှင့် ဖွံ့ဖြိုးရေးဘဏ်သစ်များအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ အပါအဝင် ပူးပေါင်းဆောင်ရွက်ရေး စာတမ်း လေးရပ်ကို ချုပ်ဆိုခဲ့ကြကြောင်း သတင်းရရှိပါသည်။

ယင်းနေ့၌ပင် BRICS နိုင်ငံ ခေါင်းဆောင်များသည် BRICS နိုင်ငံများ ယဉ်ကျေးမှု ပွဲတော် ဖွင့်ပွဲအခမ်းအနားနှင့် ယဉ်ကျေးမှု ဓါတ်ပုံပြပွဲသို့လည်း တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိပါသည်။

   Webradio