• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ဘရာဇီးထိပ်သီးတို့ ပီကင်းတွင် တွေ့ဆုံဆွေးနွေး

(GMT+08:00) 2017-09-02 11:12:18

      ယခုလ ၁ ရက်နေ့က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည်၊ ပီကင်းတွင် အလည်အပတ်ရောက်ရှိနေသည့် ဘရာဇီးနိုင်ငံ သမ္မတ Michel Temer နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု စီအာအိုင်ကဖော်ပြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးခဲ့ရာ၌၊ခေါင်းဆောင်နှစ်ဦးတို့က၊လက်ရှိနိုင်ငံတကာ အခြေအနေ မတညငြိမ်မှုတိုးများလာနေသဖြင့်၊ ကမ္ဘာပေါ်တွင် အကြီးဆုံး ဖွံ့ဖြိုးဆဲ ၂ နိုင်ငံ အနေနှင့်၊ တရုတ်နှင့် ဘရာဇီးတို့သည်၊ ပူးပေါင်းဆောင်ရွက်မှုအားဖြည့်ပြုလုပ်ပြီး၊ နှစ်ဖက်တို့ကြား ဘက်စုံမဟာဗျူဟာမိတ်ဖက်ဆက်ဆံမှုတစ်ဆင့်တိုးဖွံ့ဖြိုးသွးရန် ဆန္ဒရှိကြောင်း အလေး ထား ပြောကြားခဲ့ကြသည်ဟု စီအာအိုင်သတင်းအရသိရသည်။

   Webradio