• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် ဘရာဇီးသမ္မတနှင့် တွေ့ဆုံ

(GMT+08:00) 2017-09-02 11:11:34

      တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည်၊ ယခုလ ၁ ရက်နေ့ညနေပိုင်း က တရုတ်ပြည်တွင် တရားဝင် ခရီးလှည့်လည်ပြီး၊ BRICS နိုင်ငံခေါင်းဆောင်များ ရှာ့မင်တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်သည့် ဘရာဇီး နိုင်ငံသမ္မတ Michel Temer နှင့် ပီကင်းပြည်သူ့ခန်းမဆောင်ကြီးတွင် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း စီအာအိုင်ကဖော်ပြသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ခဲ့ရာ၌၊ ဝန်ကြီးချုပ်လီခေ့ချန်က တရုတ်နှင့် ဘရာဇီးနိုင်ငံသည်၊ ဖွံ့ဖြိုးဆဲနိုင်ငံကြီးနှင့် အရေးကြီးထွန်းသစ်စနိုင်ငံများဖြစ်ကြောင်း၊ နှစ်နိုင်ငံဆက်ဆံမှုရှင်သန် တည်ငြိမ်စွာ တိုးတက်ဖွံ့ဖြိုးပြီး၊ အောင်မြင်မှုများစွာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

သမ္မတ Temer ကလည်း၊ ဘရာဇီး-တရုတ်ဆက်ဆံမှုသည်၊ ကောင်းမွန်စွာ တိုးတက် ဖွံ့ဖြိုးလျက်ရှိကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio