• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တောင်အာရှ ရေဘေးကြီး လူ ၁၀၀၀ ကျော် သေဆုံး

(GMT+08:00) 2017-09-01 09:37:50

ယခု လောလောဆယ်တွင် မုတ်သုန်လေကြောင့် တောင်အာရှဒေသတွင် မိုးသည်းထန်စွာ ရွားသွန်းခဲ့သဖြင့် အိန္ဒိယနှင့် နီပေါ နိုင်ငံ အပါအဝင် တောင်အာရှ နိုင်ငံများတွင် လူ ၁၀၀၀ ကျော် သေဆုံးပြီ ဖြစ်ကြောင်း ဗြိတိန် ငွေကြေး တိုင်းမ်စ် သတင်းစာ ဝက်ဘဆိုက်မှ သတင်းကို ကိုးကား၍ ဆင်ဟွာသတင်းတွင် ရေးသားဖေါ်ပြ ထားသည်။

ယခုလ ၂၉ ရက်နေ့က အိန္ဒိယနိုင်ငံ ဘုံဘေမြို့တွင် ၂၀၀၅ ခုနှစ် နောက်ပိုင်း အပြင်းထန်ဆုံးသော ရေဘေး ဖြစ်ပွါးခဲ့ကြောင်း၊ အိန္ဒိယ မြောက်ပိုင်း ဘီဟာရ ပြည်နယ်တွင် လူ ၅၀၀ ခန့် သေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်နေရကြောင်း သတင်း ရရှိပါသည်။

နီပေါ နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနသည် ကြေညာချက် ထုတ်ပြန်ပြီး၊ ရေဘေးကြောင့် လူ ၁၅၀ ကျော် သေဆုံးပြီ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

ကမ္ဘာ့ ကြက်ခြေနီအသင်းက၊ ဘင်္ဂလားဒေ့ရှ်နိင်ငံတွင် ရေကြီးမှုကြောင့် လူ ၁၄၀ ကျော် သေဆုံးပြီး နေအိမ် ၇ သိန်းခန့် ပျက်စီးခဲ့ကြောင်း ခန့်မှန်းထားပါသည်။

   Webradio