• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် တာဂျစ်ကစ္စတန် သမ္မတနှင့် တွေ့ဆုံ

(GMT+08:00) 2017-09-01 09:28:46

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် သြဂုတ်လ ၃၁ ရက်နေ့က ပီကင်း ပြည်သူ့ ခန်းမဆောင်ကြီး၌ တာဂျစ်ကစ္စတန် သမ္မတ ရာဟ်မွန်နိုနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ် ခဲ့ကြောင်း၊ ရာဟ်မွန်နိုသည် တရုတ်ပြည်၌ ခရီးလှည့်လည်သည့်အပြင် ထွန်းသစ်စ ဈေးကွက် နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ဆွေးနွေးပွဲသို့လည်း တက်ရောက်မည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ခေါင်းဆောင်တို့သည် တရုတ်-တာဂျစ်ကစ္စတန် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှု ထားရှိရန် ဆုံးဖြတ်ခဲ့ကြကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ခေါင်းဆောင် နှစ်ဦးတို့သည် တရုတ်နှင့် တာဂျစ်ကစ္စတန် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှု ထားရှိရေး ပူးတွဲ ကြေညာချက်ကိုလည်း လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြကြောင်း သတင်း ရရှိပါသည်။

   Webradio