• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှာ့မင် တွေ့ဆုံဆွေးနွေးပွဲတွင် အောင်ကျိုးရလဒ်များ ရရှိနိုင်မည်ဟု ဝမ်ယိ ဆို

(GMT+08:00) 2017-08-31 09:40:58

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ယခုလ ၃၀ ရက်နေ့က ပီကင်းမြို့၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး ရှာ့မင်မြို့၌ ကျင်းပတော့မည့် နဝမ အကြိမ်မြောက် BRICS နိုင်ငံများ ထိပ်သီး အစည်းအဝေး၏ ပြင်ဆင်မှုလုပ်ငန်းများကို ရှင်းလင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး ဝမ်ယိက၊ တစ်နှစ်ကြာ သေချာ ပြင်ဆင်မှုများ ပြုလုပ် ပြီးနောက်  BRICS နိုင်ငံများသည် စီးပွါးရေးနှင့် နိုင်ငံရေး လုံခြုံမှု တွန်းအားပေးရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတွင် တိုးတက်မှုသစ်များ ရရှိပြီ ဖြစ်ကြောင်း၊ ယခုအကြိမ် တွေ့ဆုံဆွေးနွေးပွဲတွင် အောင်ကျိုးရလဒ် များစွာ ရရှိနိုင်မည်ဟု ခန့်မှန်းရကြောင်း၊ ဆွေးနွေးပွဲသည် BRICS နိုင်ငံများ မိတ်ဖက်ဆက်ဆံမှု နက်ရှိုင်းစေရေး၊ BRICS နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဒုတိယ ခုမြောက် ၁၀ နှစ်တာ ရွှေကာလ ဖွင့်လှစ်ရေးအတွက် ခိုင်မာသော အခြေခံကို ဖန်တီးပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   Webradio