• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နင်ရှာ့ပြည်နယ် နေရောင်ခြည်စွမ်းအင်ဖြင့် ဆင်းရဲမှု လျှော့ချနေ

(GMT+08:00) 2017-08-31 09:37:44

တရုတ်ပြည် နင်ရှာ့ပြည်နယ်သည် ခေတ်မီနည်းပညာကို အသုံးပြုပြီး နေရောင်ခြည် စွမ်းအင်ဇုန် ၁၀ ခုကို တည်ဆောက်ထားသည်။ ဇုန်ထဲတွင် နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓါတ်အားပေး စခန်းများ ဆောက်လုပ်ထားသည့်အပြင်၊ ပန်း၊ လက်ဖက်ပင်၊ မှို၊ ဟင်းသီးဟင်းရွက် စိုက်ပျိုးခြံများကိုလည်း စနစ်တကျ လုပ်ဆောင်နေသည်။

ယွမ်လုံရွာရှိ နေရောင်ခြည်စွမ်းအင်ဇုန်မှ လယ်ထွက်ကုန်များသည် ဂျပန်နှင့် အာရပ်စော်ဘွားများနိုင်ငံသို့ တင်ပို့ရောင်းချနေပြီး ပန်းမန် တင်ပို့ရောင်းချမှု ပမာဏမှာ ဒူဘိုင်း ဈေးကွက်၌ တတိယ အများဆုံး ဖြစ်လာပြီဟု စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio