• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကိုးရီးယားကျွန်းဆွယ် ပြဿနာအပေါ် တရုတ်နိုင်ငံသည် တရားမျှတသော ရပ်တည်ချက် စွဲကိုင်

(GMT+08:00) 2017-08-31 09:19:43

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယဉ်က၊ တရုတ်နိုင်ငံသည် ကိုးရီးယားကျွန်းဆွယ် နျူကလီးယားမဲ့ ဖြစ်စေရေး တွန်းအားပေးရန်၊ နိုင်ငံတကာ နျူကလီးယား မပြန့်ပွါးစေရေးစနစ် ထိန်းသိမ်းရန်နှင့် ကိုးရီးယား ကျွန်းဆွယ် ငြိမ်းချမ်းတည်ငြိမ်မှု ထိန်းသိမ်းရန်တို့ကို မူအဖြစ်ထားပြီး ကိုးရီးယား ကျွန်းဆွယ် နျူကလီးယား ပြဿနာကို ကိုင်တွယ်ဖြေရှင်းပေးခြင်း ဖြစ်ကြောင်း၊ လုံခြုံရေးကောင်စီ၏ သက်ဆိုင်ရာ ဆုံးဖြတ်ချက်များကို ဘက်စုံ လိုက်နာ ကျင့်သုံးနေကြောင်း၊ မိမိတို့သည် ပကတိကျပြီး တရားမျှတသော ရပ်တည်ချက်နှင့်အညီ အစဉ်တစိုက် အကျိုးပြု စွမ်းဆောင် နေကြောင်း ယခုလ ၃၀ ရက်နေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio