• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

BRICS နိုင်ငံများ နဝမ အကြိမ်မြောက် ထိပ်သီး တွေ့ဆုံဆွေနွေးပွဲနှင့် ထွန်းသစ်စ ဈေးကွက် နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ဆွေးနွေးပွဲကို ရှာ့မင်မြို့၌ ကျင်းပမည်

(GMT+08:00) 2017-08-30 09:56:43

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူခမ်းက၊ BRICS နိုင်ငံများ နဝမ အကြိမ်မြောက် ထိပ်သီး တွေ့ဆုံဆွေနွေးပွဲကို စက်တင်ဘာလ ၃ ရက်နေ့မှ ၅ ရက်နေ့ အထိ တရုတ်ပြည် ဖူကျန့်ပြည်နယ် ရှာမင်မြို့၌ ကျင်းပမည် ဖြစ်ကြောင်း၊ ဆွေးနွေးပွဲ၏ ဆောင်ပုဒ်သည် BRICS မိတ်ဖက်ဆက်ဆံမှု နက်ရှိုင်းလာအောင် ဆောင်ရွက်ပြီး ပိုမို သာယာ လှပသော အနာဂတ်ရေးကို ဖန်တီးပေးခြင်း ဖြစ်ကြောင်း၊ တချိန်တည်းတွင် ထွန်းသစ်စ ဈေးကွက် နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ဆွေးနွေးပွဲကိုလည်း ကျင်းပမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အထက်ပါ အစည်းအဝေးများကို ကြီးမှူးကျင်းပမည် ဖြစ်ကြောင်း ယခုလ ၃၀ ရက်နေ့က ကြေညာခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

   Webradio