• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယန်ကျယ်ချီသည်၊ ကုလရာသီဥတုပြောင်းလဲမှုမူဘောင်စာချုပ် အတွင်းရေးမှူးရုံးမှ အမှုဆောင်အတွင်းရေးမှူးနှင့် တွေ့ဆုံ

(GMT+08:00) 2017-08-29 15:12:10

      တရုတ်နိုင်ငံတော်ကောင်စီဝင် ယန်ကျယ်ချီသည်၊ ယခုလ ၂၈ ရက်နေ့က ပီကင်းတွင် ခရီးလှည့်လည်နေသော ကုလသမဂ္ဂရာသီဥတုပြောင်းလဲရေးမူဘောင်စာချုပ် အတွင်း ရေးမှူးရုံးမှ အမှုဆောင်အတွင်းရေးမှူး Patricia Espinosaနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရသိရသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ခဲ့ရာ၌ ယန်ကျယ်ချီက၊ ရာသီဥတုပြောင်လဲခြင်းသည်၊ လူသား တစ်ရပ်လုံး၏ အကျိုးစီးပွားနှင့် သက်ဆိုင်သဖြင့်၊ နိုင်းအသီးသီးတို့အနေနှင့်၊ ပူးပေါင်းဆောင် ရွက်ပြီး ရင်ဆိုင်ကြဖို့လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ Bonn အစည်းအဝေးကို လာမည့် နိုဝင်ဘာ ၆ ရက်နေ့မှ ၁၇ ရက်နေ့တွင် ဂျာမဏီနိုင်ငံ Bonn မြို့တွင် ကျင်းပသွားမည်ဟု သတင်းအရ သိရသည်။

   Webradio