• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-မြန်မာ နိုင်ငံတကာ ရထားလမ်းကြောင်းမှ တရုတ် ရထားလမ်း၏ အရှည်ဆုံး ဥမင် တူးဖော်ရေး လုပ်ငန်း ဘက်စုံ စတင် ဆောင်ရွက်

(GMT+08:00) 2017-08-29 15:01:29

ယခုလ ၂၈ရက်နေ့က တရုတ် ရထားလမ်း၏ အရှည်ဆုံး ဥမင် ဖြစ်သည့် ကောလီကုန်တောင် ဥမင် တူးဖော်ရေး လုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ၄င်းဥမင်၏ အရှည်မှာ ၃၄့၅ကီလိုမီတာ ရှိမည် ဖြစ်ကြောင်း တရုတ် စီးပွားရေး နေ့စဉ် သတင်းစာမှ သတင်းအရ သိရသည်။

၎င်းဥမင်သည် တရုတ်ပြည် ယူနန်ပြည်နယ် တာ့လီ-ရွှေလီ ရထားလမ်းပေါ်တွင် တည် ရှိကြောင်း၊ တာလီ့-ရွှေလီ ရထားလမ်း၏ စုစုပေါင်း အရှည်မှာ ၃၃၁ကီလိုမီတာရှိပြီး ခန့်မှန်း မြန်နှုန်းမှာ ကီလိုမီတာ ၁၄၀ရှိကြောင်း၊ ၄င်းရထားလမ်းသည် Belt and Road အဆိုပြုချက်မှ အာရှ ဖြတ်ကျော် ရထားလမ်း(Trans-Asian Railway)က တရုတ်-မြန်မာ နိုင်ငံတကာ ရထားလမ်း၏ အရေးကြီး အစိတ်အပိုင်း ဖြစ်ကြောင်း သိရသည်။

 

 

   Webradio