• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

BRICS နိုင်ငံများ ရှာ့မင် တွေ့ဆုံဆွေးနွေးပွဲသည် BRICS စနစ် ဒုတိယ ဆယ်နှစ်တာ ရွှေကာလ ဖွင့်ပေးမည်

(GMT+08:00) 2017-08-29 09:48:32

နဝမ အကြိမ်မြောက် BRICS နိုင်ငံများ ထိပ်သီးအစည်းအဝေးကို လာမည့် စက်တင်ဘာလ လဦးပိုင်းတွင် တရုတ်ပြည် ဖူကျန့်ပြည်နယ် ရှာ့မင်မြို့၌ ကျင်းပမည်။ ယခုလ ၂၈ ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး၏ သတင်းစာ ရှင်းလင်းပွဲတွင်၊ နိုင်ငံတကာ စီးပွါးရေး ကူးလူးဖလှယ်ရေးစင်တာနှင့် တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနမှ ကျွမ်းကျင်ပညာရှင်များက၊ ရှာ့မင် တွေ့ဆုံဆွေးနွေးပွဲသည် BRICS စနစ် ဒုတိယ ဆယ်နှစ်တာ ရွှေကာလ ဖွင့်ပေးမည်ဟု ခန့်မှန်း ပြောဆိုကြပါသည်။

BRICS စနစ် တည်ထောင်ခဲ့ခြင်းမှာ ၁၀ နှစ် ရှိပြီ။ သက်ဆိုင်ရာ စာရင်းအရ၊ BRICS ငါးနိုင်ငံ၏ စီးပွါးရေး ပမာဏမှာ လွန်ခဲ့သည့် ၁၀ နှစ်တုန်းက ကမ္ဘာ့ စုစုပေါင် ပမာဏ၏ ၁၁ ရာခိုင်နှုန်း ရှိရာမှ ယခု ၁၆ ရာခိုင်နှုန်းအထိ တိုးလာပြီ ဖြစ်ကြောင်း၊ နိုင်ငံခြား၌ ရင်းနှီးမြှုပ်နှံမှု ပမာဏသည်လည်း ယခင်က ကမ္ဘာ့စုစုပေါင်းပမာဏ၏ ၇ ရာခိုင်နှုန်း ရှိရာမှ ယခု ၁၂ ရာခိုငနှုန်းအထိ တိုးလာပြီ ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် BRICS နိုင်ငံများ၏ ကမ္ဘာ့ စီးပွါးရေး တိုးတက်နှုန်းအပေါ် အကျိုးပြုစွမ်းဆောင်နှုန်းမှာ ၅၀ ရာခိုင်နှုန်းအထိ ရှိနေပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio