• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂျပန်သည် အာဖရိကနှင့်အခြားနိုင်ငံ၏ ဆက်ဆံမှု အပေါ် ကုန်းချောမှု မပြုရန် မျှော်လင့်ဟု ဟွာချွင်ယဉ် ဆို

(GMT+08:00) 2017-08-29 09:11:14
 တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယဉ်က၊ တိုကျိုမြို့ အာဖရိက ဖွံ့ဖြိုးရေး နိုင်ငံတကာ အစည်းအဝေး၏ ဝန်ကြီးအဆင့် နောက်ဆက်တွဲ အစည်းအဝေးတွင် ပင်လယ်ရေးရာ အကြောင်းအရာမှာ ဂျပန်က တစ်ဖက်သတ် ဖန်တီးခြင်း ဖြစ်ကြောင်း၊ အာဖရိကနိုင်ငံ တစုံတရာ ဂျပန်၏ ရပ်တည်ချက်ကို ထောက်ခံခြင်း မရှိသည့်အပြင် အာဖရိကနိုင်ငံ တော်တော်များများက ယင်းကို ကန့်ကွက်သည်ဟုလည်း ရှင်းလင်း ပြတ်သားစွာ ဖေါ်ပြခဲ့ကြောင်း၊ ဂျပန် အနေနှင့် အာဖရိကနိုင်ငံများကို လေးစားပြီး အာဖရိကနှင့် အခြားနိုင်ငံများအကြား ဆက်ဆံမှု အပေါ် ကုန်းချောမှု မပြုရန် မျှော်လင့်ကြောင်း ယခု ၂၈ ရက်နေ့က ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။
   Webradio