• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အိန္ဒိယ နယ်စပ်ဖြတ်ကျော်သူများအား အိန္ဒိယပြည်ဘက်သို့ ဆုတ်ခွါသည့် အကြောင်း ဝူချန်း ပြောဆို

(GMT+08:00) 2017-08-29 08:48:17

တရုတ် နိုင်ငံတော် ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝူချန်းက၊ ယခုလ ၂၈ ရက်နေ့ ညနေ ၂ နာရီခွဲခန့်တွင် အိန္ဒိယသည် နယ်စပ်ဖြတ်ကျော်သူနှင့် စက်ကိရိယာ အားလုံးကို အိန္ဒိယပြည်ဘက်သို့ ဆုတ်ခွါပြီ ဖြစ်ကြောင်း၊ တရုတ် တပ်မတော်သည် သတိရှိရှိဖြင့် နိုင်ငံတော် ပိုင်နက်နယ်မြေ အချုပ်အခြာအာဏာပိုင်မှုကို ပြတ်ပြတ်သားသား ကာကွယ်မည် ဖြစ်ကြောင်း ယခုလ ၂၈ ရက်နေ့က သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

ဝူချန်းက၊ အိန္ဒိယ အနေနှင့် သင်ခန်းစာယူပြီး နယ်နိမိတ် စာချုပ်နှင့် နိုင်ငံတကာ အခြေခံဥပဒေမူများကို လိုက်နာရန်၊ နယ်စပ် အေးချမ်းတည်ငြိမ်မှုကို ထိန်းသိမ်းရန် သတိပေးလိုကြောင်းလည်း ပြောကြားခဲ့ပါသည်။

   Webradio