• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ကုန်ထုတ်လုပ်မှု အရည်အသွေး အဆင့်မြှင့်တင်ရေးကို တွန်းအားပေးရမည်ဟု လီခေ့ချန် ဆို

(GMT+08:00) 2017-08-28 09:42:41

တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် မကြာမီက ဆွေးနွေးပွဲကို ကြီးမှူး ကျင်းပပြီး ကုန်ထုတ်လုပ်မှု အင်အားတောင့်တင်းသောနိုင်ငံ ဖြစ်လာအောင် တွန်းအားပေးရေးနှင့် စီးပွါးရေး ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲမှု အဆင့်မြှင့်တင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

လီခေ့ချန်က၊ ကုန်ထုတ်လုပ်မှု အရည်အသွေး အဆင့်မြှင့်တင်ရေး လုပ်ငန်းကို အားဖြည့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လူ့စွမ်းအား အရင်းအမြစ် နယ်ပယ်တွင် အားသာချက်များနှင့် ကိန်းအောင်းထားသော စွမ်းအားများကို ဖေါ်ထုတ်ရမည် ဖြစ်ကြောင်း၊ လူကောင်းလူတော်များကို စွဲဆောင်နိုင်သော အလုပ်တာဝန် ခန့်အပ်ရေး စနစ်ကို ထူထောင်ရမည် ဖြစ်ကြောင်း၊ တရုတ်ပြည် ကုန်ထုတ်လုပ်မှု အရည်သွေး အဆင့်မြှင့်တင်ရေး အတွက် မူဝါဒ အပါအဝင် ပတ်ဝန်းကျင်ကောင်းများကို ဖန်တီး ပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   Webradio