• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၄ ကြိမ်မြောက် ပီကင်း နိုင်ငံတကာ စာအုပ်ကုန်စည်ပြပွဲ ကျင်းပပြီးစီး

(GMT+08:00) 2017-08-28 09:38:03

၂၄ ကြိမ်မြောက် ပီကင်း နိုင်ငံတကာ စာအုပ် ကုန်စည် ပြပွဲကို ယခုလ ၂၇ ရက်နေ့က ကျင်းပ ပြီးစီးခဲ့ကြောင်း၊ ပဏာမ စာရင်းအရ ၅ ရက်ကြာ ကျင်းပခဲ့သော ယခုအကြိမ် စာအုပ် ကုန်စည်ပြပွဲတွင် ပြည်တွင်းပြည်ပ မူပိုင်ခွင့်ဆိုင်ရာ ကူးသန်းရောင်းဝယ်မှု စာချုပ် ၅၂၆၂ ရပ်ကို ချုပ်ဆိုပြီး လွန်ခဲ့သည့်အကြိမ်ကထက် ၄့ ၉ ရာခိုင်နှုန်း တိုးများ လာကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ကုန်စည်ပြပွဲတွင် စာအုပ်သစ် ဖြန့်ချိထုတ်ဝေပွဲ၊ ဆုချီးမြှင့်ပွဲ၊ နှီးနှောဖလှယ်ပွဲ၊ ဖိုရမ်နှင့် တင်ဆက်ဖျော်ဖြေပွဲ အပါအဝင် လှုပ်ရှားမှု အကြိမ်ပေါင်း ၁၀၀၀ ကျော် ပြုလုပ်ခဲ့ကြောင်း၊ နိုင်ငံနှင့်ဒေသ ၈၉ ခုတို့ ယခုအကြိမ်ကုန်စည်ပြပွဲတွင် ပါဝင်ခဲ့ကြောင်း သိရပါသည်။

   Webradio