• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်၏ ဆိုရှယ်လစ် နိုင်ငံရေး ထူထောင်မှုဆိုင်ရာ စာတမ်း အတိုကောက်နုတ်ချက်များ စာအုပ် ထုတ်ဝေ

(GMT+08:00) 2017-08-28 09:34:25

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ မော်ကွန်းဝင်စာတမ်း လေ့လာရေးရုံးမှ ပြုစု တည်းဖြတ်သော ရှီကျင့်ဖိန်၏ ဆိုရှယ်လစ် နိုင်ငံရေး ထူထောင်မှုဆိုင်ရာ စာတမ်း အတိုကောက်နုတ်ချက်များ စာအုပ်ကို မကြာမီက တစ်ပြည်လုံး၌ ဖြန့်ချိ ထုတ်ဝေခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ယင်းစာအုပ်တွင် အပိုင်း ၉ ပိုင်း ခွဲပြီး၊ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၂၀၁၇ ခုနှစ် မေလ ၃ ရက်နေ့အထိ ရှီကျင့်ဖိန်၏ မိန့်ခွန်း၊ အစီရင်ခံစာ၊ ပြောကြားချက်၊ မှာကြားချက်ဆိုင်ရာ စာတမ်း ၇၀ ကျော် ပါဝင်ထားကြောင်း သတင်း ရရှိပါသည်။

   Webradio