• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ကမ္ဘာ့ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌနှင့် တွေ့ဆုံ

(GMT+08:00) 2017-08-28 09:24:07

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၂၇ ရက်နေ့ ညနေပိုင်းက ထျန်ကျင်းမြို့ ၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ အားကစားပွဲတော် တက်ရောက်လာသော ကမ္ဘာ့ အိုလံပစ် ကော်မတီ ဥက္ကဋ္ဌ ပါဟ်နှင့် အာရှ အိုလံပစ် ကောင်စီ ဥက္ကဋ္ဌ မင်းသားကြီး အယ်ဟ်မက်တို့နှင့် တွေ့ဆုံခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ပါဟ်နှင့် တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က၊ တရုတ်နိုင်ငံသည် ပီကင်း ဆောင်းရာသီ အိုလံပစ် အားကစား ပွဲတော် ကျင်းပရန် လျှောက်လွှာတင်ခဲ့စဉ်က ကတိပြုချက်များကို ဘက်စုံ ဖေါ်ဆောင်မည် ဖြစ်ကြောင်း၊ ပြင်ဆင်ရေးလုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက် နေကြောင်း ပြောကြားပါသည်။

   Webradio