• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ဗဟုသုတ စင်တာ ဖွင့်လှစ်

(GMT+08:00) 2017-08-25 15:09:50

    မကြာခင်က တရုတ်ပြည် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ဗဟုသုတ စင်တာကို  ပီကင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း၊ ထိုနေ့တွင်ပင် "တရုတ်ပြည်၏ ၂၀၃၀ပြည့်နှစ် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် လက်တွေ့ ဖော်ဆောင်ရေး တိုးတက်မှု အစီရင်ခံစာ"ကိုလည်း ထုတ်ပြန်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

    ယင်းသည် ကုလသမဂ္ဂ ၂၀၃၀ပြည့်နှစ် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကို တရုတ်ပြည်မှ အရေးကြီးသည့် လက်တွေ့ဖော်ဆောင်ရေး ဆောင်ရွက်ချက် ၂ခု ဖြစ်ကြောင်း၊ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကူတယ်ရက်စ်သည် စင်တာ ဖွင့်လှစ်ခြင်း အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို အသီးသီး ပေးပို့ခဲ့ကြောင်း သိရသည်။

    "တရုတ်ပြည်၏ ၂၀၃၀ပြည့်နှစ် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် လက်တွေ့ ဖော်ဆောင်ရေး တိုးတက်မှု အစီရင်ခံစာ"သည် ကမ္ဘာပေါ်က ကုလသမဂ္ဂ ၂၀၃၀ပြည့်နှစ် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် လက်တွေ့ဖော်ဆောင်ရေး ဆိုင်ရာ ပထမဆုံး အစီရင်ခံစာ ဖြစ်ကြောင်း၊ ၄င်းအစီရင်ခံစာတွင် တရုတ်ပြည်မှ နိုင်ငံတော်အဆင့်အရ  လုပ်ပုံလုပ်နည်းနှင့် အတွေ့အကြုံများကို ပေါင်းရုံးသုံးသပ်ပြီး အရေးကြီးသည့် ပဏာမ အောင်မြင်မှုများကို ရေးသားဖော်ပြထားကြောင်း သိရသည်။

    ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ၄င်း၏ ဝမ်းမြောက်ကြောင်း သဝဏ်လွှာတွင် တရုတ်ပြည် အနေနှင့် မလျှော့သည့်ဇွဲဖြင့် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကို လက်တွေ့ ဖော်ဆောင်မည်ဖြစ်ကြောင်း၊ ပိုမိုများပြားသည့် တွင်ကျယ်မှု၊ တရားမျှတမှု ရှိပြီး ပိုမို ကောင်းမွန်သော အရည်အသွေးရှိကာ ပိုပြီး ဆက်တိုက်ပြုနိုင်သော နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရန် တွန်းအားပေးသွားမည် ဖြစ်ကြောင်း ရေးသား ဖော်ပြသည်။

   Webradio