• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယန်ကျယ်ချီသည် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနှင့် တယ်လီဖုန်း ဆက်သွယ်

(GMT+08:00) 2017-08-24 09:07:00

တရုတ် နိုင်ငံတော်ကောင်စီဝင် ယန်ကျယ်ချီသည် ယခုလ ၂၃ ရက်နေ့က ဖိတ်ကြားချက်အရ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး တစ်လာစန်နှင့် တယ်လီဖုန်း ဆက်သွယ် ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ယန်ကျယ်ချီက၊ မျက်မှောက်အချိန်တွင် တရုတ်နှင့် အမေရိကန်တို့သည် ကျယ်ပြန့်သော နယ်ပယ်များတွင် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်း ထားနေကြောင်း၊ ယင်းသည် နှစ်နိုင်ငံနှင့် နိုင်ငံတကာ အကျိုးစီးပွါးနှင့် ကိုက်ညီကြောင်း ပြောကြားပါသည်။

တစ်လာစန်က၊ အမေရိကန်သည် တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ ရရှိပြီး အရေးကြီး သဘောတူညီမှုများကို ကောင်းမွန်စွာ အကောင်အထည် ဖေါ်ဆောင်လိုပါကြောင်း ပြောကြားပါသည်။

   Webradio