• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂျပန်၏ ကာကွယ်ရေး ဘတ်ဂျက် စံချိန်သစ်တင်နိုင်

(GMT+08:00) 2017-08-24 09:03:54

ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ် ကာကွယ်ရေးဆိုင်ရာ ဘတ်ဂျက် သုံးငွေ ဂျပန်ယမ်းငွေ ဘီလီယံ ၅၂၀၀ လျှောက်လွှာတင်ရန် ဆုံးဖြတ်ကြောင်း၊ ယင်းသည် သမိုင်းတွင် အမြင့်ဆုံးပင် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ဟွာချွင်ယဉ်က ယင်းကိစ္စကို အာရုံစိုက်နေသည်ဟု ယခုလ ၂၃ ရက်နေ့က ပီကင်း၌ ပြောကြားခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ဟွာချွင်ယဉ်က၊ ဂျပန်နိုင်ငံ အနေနှင့် တရုတ်ပြည်သည် ခြိမ်းခြောက်မှု ဖြစ်ခြင်း ဝါဒဖြန့်မှုကို ရပ်စဲရန်နှင့် ၄င်းတို့၏ အကယ်စင်စစ် ရည်ရွယ်ချက်ကို ရှင်းပြရန်လည်း တိုက်တွန်း လှုံ့ဆော်ခဲ့ပါသည်။

   Webradio