• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရွှီချီလျန့်သည်၊ ကမ္ဘောဒီးယားလေတပ်သေနာပတိနှင့် တွေ့ဆုံ

(GMT+08:00) 2017-08-22 12:59:13

      တရုတ်ဗဟိုစစ်ရေးကော်မရှင် ဒု ဥက္ကဋ္ဌ ရွှီချီလျန့်သည်၊ ယခုလ ၂၁ ရက်နေ့က ပီကင်းတွင် ကမ္ဘောဒီးယား လေတပ်သေနာပတိ Samnang နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ခဲ့ရာတွင် ရွှီချီလျန့်က၊ တရုတ်-ကမ္ဘောဒီးယားချစ်ကြည်ရေး သည်၊ ရှေးဝေဏီမှ တည်ရှိခဲ့ ပြီး၊ နိုင်ငံတကာအခြေအနေပြောင်းလဲမှုများ၏ စမ်းသပ်မှုများကို ကြိမ်ပေါင်းများစွာ ခံခဲ့ကာ၊ နှစ်နိုင်ငံပြည်သူများ၏ အဖိုးတန်ဥစ္စာဖြစ် ကြောင်းပြောကြားခဲ့သည်။

Samnang ကလည်း၊ တရုတ်ပြည်မှ အချိန်ရှည်ကြာစွာ ပံ့ပိုးကူညီမှုနှင့် အားပေး ထောက်ခံမှုများအပေါ် ကမ္ဘောဒီးယားက ကျေးဇူးတင်ရှိပါကြောင်း၊ ကမ္ဘောဒီးယားလေတပ် အနေနှင့်၊ တရုတ်ဘက်နှင့် အားဖြည့်ပူးပေါင်းပြီး၊ နှစ်နိုင်ငံတပ်မတော်အကြားဆက်ဆံမှု အဆက်မပြတ်ဖွံ့ဖြိုးရန် တွန်းအားပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရသည်။

   Webradio