• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယန်ကျယ်ချီသည်၊ ပါကစ္စတန်နိုင်ငံခြားရေးအတွင်းရေးမှူးနှင့် တွေ့ဆုံ

(GMT+08:00) 2017-08-22 12:58:44

      တရုတ်နိုင်ငံတော်ကောင်စီဝင် ယန်ကျယ်ချီသည်၊ ယခုလ ၂၁ ရက်နေ့က ပီကင်းတွင် ပါကစ္စတန်နိုင်ငံခြားရေးအတွင်းရေးမှူး Tehmina နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရသိရသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ခဲ့ရာ၌ ယန်ကျယ်ချီက၊လက်ရှိနိုင်ငံတကာအခြေအနေတွင် တရုတ်နှင့် ပါကစ္စတန်တို့ အနေနှင့်၊ မဟာဗျူဟာကူးလူးဆက်ဆံမှုနက်ရှိုင်းစေခြင်းမှာ အလွန်အရေးကြီးကြောင်း ပြောကြားခဲ့သည်။

Tehmina ကလည်း၊ ပါကစ္စတန်အနေနှင့်၊ တရုတ်၏ အမြုတေအကျိုးစီးပွားနှင့် စပ်လျဉ်းသော ကိစ္စရပ်များအပေါ် တရုတ်ပြည်အားမယိန်းယိုင်ထောက်ခံမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio