• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ချန်ဝမ်ချွန်သည်၊ ထိုင်းလက်နက်ကိုင်တပ်ဖွဲ့ သေ​နာ​ပ​တိချုပ်နှင့် တွေ့ဆုံ

(GMT+08:00) 2017-08-22 12:58:06

      တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးချန်ဝမ့်ချွန်သည်၊ ယခုလ ၂၁ ရက်နေ့က ပီကင်းတွင် အလည်အပတ်ရောက်ရှိနေသည့် ထိုင်းနိုင်ငံ လက်နက်ကိုင်တပ်ဖွဲ့ သေနာပတိချုပ် Surapong နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရသိရသည်။

ချန်ဝမ့်ချွန်က၊ ယခုနှစ်များအတွင်း တရုတ်နှင့် ထိုင်းတပ်မတော်တို့သည်၊ အလွှာပေါင်းစုံနှင့် နယ်ပယ်များမှ ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်ခဲ့ကြကြောင်း ပြောကြားခဲ့သည်။

Surapong ကလည်း၊ ထိုင်းအနေနှင့်၊ တရုတ်နှင့်အတူကြိုးပမ်းပြီး၊ နှစ်နိုင်ငံတပ်မတော် အကြား နယ်ပယ်များစွာပူးပေါင်းဆောင်ရွက်မှုများကို အဆက်မပြတ်နက်ရှိုင်းစေ မည်ဖြစ် ကြောင်းပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio