• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထိုင်းနိုင်ငံ ဒုတိယ ၃ လပတ် စီးပွါးရေးတိုးနှုန်းက လွန်ခဲ့သော ၄ နှစ်အတွင်း အများဆုံး

(GMT+08:00) 2017-08-22 11:00:33

ထိုင်းနိုင်ငံအစိုးရသည် ယခုလ ၂၁ ရက်နေ့က ထုတ်ပြန်သော စာရင်းအရ ယခုနှစ် ဒုတိယ ၃ လပတ်အတွင်းထိုင်းနိုင်ငံဂျီဒီပီတိုးနှုန်းသည် ယမန်နှစ်အလားတူ အချိန်ပိုင်းကထက် ၃.၇ ရာခိုင်နှုန်းတိုးများလာပြီး ပထမ ၃ လပတ်ထက် ၃.၃ ရာခိုင်နှုန်းတိုးများလာကြောင်း၊ ယင်းသည် ၂၀၁၃ ခုနှစ်ဒုတိယ ၃ လပတ် နောက်ပိုင်း တိုးနှုန်းအများဆုံးဖြစ်ကြောင်းဆင်ဟွာသတင်းအရ သိရပါသည်။

ထိုင်းနိုင်ငံ စီးပွါးရေးဌာနက ထိုင်းနိုင်ငံ စီးပွါးရေးသည် တည်ငြိမ်ကောင်းမွန်နေပြီး ဒုတိယနှစ်ဝက်ပိုင်းတွင် အစိုးရနှင့်ပုဂလိကမှ ရင်းနှီးမြှုပ်နှံမှု ဆက်တိုက်တိုးများမည်ဟု ခန့်မှန်းထားသည်။

 

   Webradio