• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နှင့် အိန္ဒိယစစ်သားများ နယ်စပ်ဒေသ၌ ကျောက်တုံး ပစ်ခြင်း အကြောင်း ဟွာချွင်ယဉ် ပြောဆို

(GMT+08:00) 2017-08-22 09:33:26

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယဉ်က၊ ယခုလ ၁၅ ရက်နေ့တွင် တရုတ် နယ်ခြားစောင့်တပ်သည် တရုတ်နှင့် အိန္ဒိယ နယ်စပ်ဒေသ အနောက်ပိုင်း ဘန်ဂွန်ကန်ဒေသရှိ နယ်နိမိတ်မျဉ်းကြောင်း၏ တရုတ်ပြည်ဘက်၌ ပုံမှန် ကင်းလှည့်မှု ပြုလုပ်ရာ၌ အိန္ဒိယ နယ်ခြားစောင့်တပ်မှ တားဆီးမှု ခံခဲ့ရကြောင်း၊ အိန္ဒိယဘက်သည် ပြင်းထန်သော လုပ်ဆောင်မှု ပြုလုပ်ပြီး တရုတ် စစ်မှုထမ်းများအား ရိုက်ခတ်ကာ တရုတ် စစ်မှုထမ်းများ ဒဏ်ရာ ရရှိခဲ့ကြောင်း ယခုလ ၂၁ ရက်နေ့က ရှင်းလင်း ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

ဟွာချွင်ယဉ်က၊ ယင်းအပေါ် တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် မကျေမနပ် ဖြစ်ပြီး အိန္ဒိယအား တည်ကြည်လေးနက်စွာ အရေးဆိုခဲ့ပြီ ဖြစ်ကြောင်း၊ အိန္ဒိယ အနေနှင့် ၁၉၅၉ ခုနှစ် နယ်စပ် ထိန်းချုပ်ရေးမျဉ်းကြောင်းကို လိုက်နာရန် လှုံ့ဆော်တိုက်တွန်းကြောင်း ပြောကြားပါသည်။

   Webradio