• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဆီယံသတ္တု​လုပ်​ငန်းသတင်းအချက်အလက်ဝန်ဆောင်မှုဖလက်ဖေါင်းကို တည်ဆောက်ပြီးစီး

(GMT+08:00) 2017-08-21 14:56:48
တရုတ်ပြည်ကွမ်ရှီးဒေသ နိုင်ငံတော်နယ်မြေအရင်းအမြစ်ဦးစီးဌါန ဒုညွှန်ကြားရေးမှူးချုပ် လုကျင်ယွီက သက်ဆိုင်ရာစမ်းသပ်စစ်ဆေးခြင်းဖြင့် တရုတ်-အာဆီယံသတ္တုလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက် ဝန်ဆောင်မှု ပလက်ဖောင်းကို မကြာမီကစိစစ် အတည်ပြုခံရပြီဖြစ်ပြီး သတ္တုလုပ်ငန်းနယ်ပယ်တွင် ဘက်စုံအသုံးပြုပြီဖြစ်ကြောင်းယခုလ ၁၈ရက်နေ့က ပြောကြား ခဲ့သည်ဟု တရုတ်သတင်းဌါနမှ သတင်းအရသိရပါသည်။

တရုတ်-အာဆီယံသတ္တုလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက် ဝန်ဆောင်မှုပလက်ဖောင်းသည် တရုတ်ဘာသာနှင့်အင်္ဂလိပ်ဘာသာဖြင့် ၂၀၁၇ခုနှစ် တရုတ်-အာဆီယံသတ္တုလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုဖိုရမ်၊ သတ္တုလုပ်ငန်းသတင်း အချက်အလက်များ၊ ပူးပေါင်းဆောင်ရွက်ရန်လုပ်ငန်းစဉ်များ၊ ကုန်စည်အရောင်းအဝယ်နှင့် အာဆီယံစာရင်းများစသဖြင့်၉ပိုင်းခွဲခြားထားရှိကြောင်း သတင်းရရှိပါသည်။

   Webradio