• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဒမ္မတ်စကတ် နိုင်ငံတကာကုန်စည်ပြပွဲ၌ အမြောက်ပစ်ခတ်မှုခံရခြင်းကြောင့် လူ ၄ ဦးထက်မနည်း သေဆုံး

(GMT+08:00) 2017-08-21 13:59:15

        ယခုလ ၂၀ ရက်နေ့က ဆီးရီးယားနိုင်ငံ ဒမ္မတ်စကတ်မြို့ တောင်ပိုင်းဒေသ၌ ဒမ္မတ်စကတ် နိုင်ငံတကာ ကုန်စည်ပြပွဲ ကျင်းပခဲ့ရာ စိန်ပြောင်း ပစ်ခတ်မှု ခံခဲ့ရခြင်းကြောင့် လူ ၄ ဦးထက်မနည်း သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        ဆီးရီးယားအကျပ်အတည်း ဖြစ်ပွားခဲ့သည့်နောက်ပိုင်း အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့သည် ဆင်ခြေဖုန်းဒေသမှ မြို့လယ်ခေါင်ဒေသသို့ စိန်ပြောင်း သို့မဟုတ် ရော့ကက်ဗုံးဖြင့် မကြာခဏ ပစ်ခတ်ခဲ့သောကြောင့် သေကြေဒဏ်ရာမှုနှင့် ဓနဥစ္စာဆုံးရှုံးမှု များစွာ ဖြစ်ပွားစေခဲ့ကြောင်း သတင်းအရ သိရပါသည်။

   Webradio