• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဒုတိယ အကြိမ် ချင်းဇန့်-ကုန်ပြင်မြင့်ဒေသ အထွေထွေ သိပ္ပံပညာ စူးစမ်းလေ့လာရေး စတင် ပြုလုပ်ခြင်း အတွက် ရှီကျင့်ဖိန် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00) 2017-08-20 13:43:03

ဒုတိယ အကြိမ် ချင်းဇန့်-ကုန်ပြင်မြင့်ဒေသ အထွေထွေ သိပ္ပံပညာ စူးစမ်းလေ့လာရေး ကို ယခုလ ၁၉ရက်နေ့က ရှီဇန့်ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ လာဆာမြို့တွင် စတင် ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ယင်းအတွက် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟို စစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ရာ ယခု အကြိမ် စူးစမ်းလေ့လာရေးတွင် ပါဝင်နေကြသော သုတေသန ဝန်ထမ်း၊ လူငယ်ကျောင်းသူကျောင်းသားနှင့် ထောက်ပံ့ရေး ဝန်ထမ်းများကို လှိုက်လှဲစွာ ဂုဏ်ပြုကြောင်း၊ ယခုအကြိမ် စူးစမ်းလေ့လာရေးသည် ချင်းဇန့်ကုန်းပြင်မြင့်ဒေသ၏ ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော် ဂေဟစနစ် တည်ဆောက်ရေးနှင့် ဂလိုဘယ် ဂေဟစနစ် ထိန်းသိမ်းကာကွယ်ရေး အတွက် အရေးကြီးသည့် အကျိုးသက်ရောက်မှု ရှိမည် ဖြစ်ကြောင်း ရေးသားဖော်ပြသည်။

 

   Webradio