• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Belt and Road အဆင့်မြင့် နှီးနှောဖလှယ်ပွဲတွင် ပီကင်းပြန်တမ်း အတည်ပြု ပြဌာန်း

(GMT+08:00) 2017-08-19 12:56:42

ယခုလ ၁၈ရက်နေ့က ကျင်းပသည့် Belt and Road အဆင့်မြင့် နှီးနှောဖလှယ်ပွဲတွင် ပီကင်းပြန်တမ်းကို အတည်ပြု ပြဌာန်းခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

၎င်းပြန်တမ်းတွင် ကျန်းမာရေး လုံခြုံမှု ထိန်းသိမ်းကာကွယ်ရေး၊ ကျန်းမာရေး ဖွံ့ဖြိုး တိုးတက်မှု တိုးမြင့်ရေး၊ ဆန်းသစ်တီထွင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အားဖြည့်ပြုလုပ် ခြင်းများကို အလေးထားကြောင်း၊ ကျန်းမာရေး အပါအဝင် လူမှုယဉ်ကျေးမှု ဆိုင်ရာ ကူးလူးဖလှယ်မှု၊ လူ့ဘောင်အဖွဲ့အစည်း၏ သွေးစည်းညီညွတ်မှုနှင့် သက်ညှာထောက် ထားမှု တိုးပွားစေရန်၊ ပွင့်လင်းမှု၊ သက်ညှာထောက်ထားမှုနှင့် အားလုံးအား အကျိုးစီးပွား ခံစားနိုင်စေရေး ရှိသော လူသား ကျန်းမာရေး ကံကြမ္မာ အသိုက်အဝန်း အကောင်အထည် ဖော်ရန် ရည်ရွယ်ထားကြောင်း ဖော်ပြထားသည်။

   Webradio